APM ၊ အောက်တိုဘာ ၂၂ / ၂၀၂၃
ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းမာ ဖြစ်နီရေ မုန်တိုင်းချေစွာ သံတွဲမြို့နန့် စစ်တွေမြို့ကြား ပင်လယ်ပြင်ကို မဟိုပြုနီရေလို့ မိုးလီဝသနန့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန(မိုး/ဇလ) က ဒေနိ(အောက်တိုဘာ ၂၂ ရက်နိ) နိခင်း ၂ နာရီထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ” ဒေနိမြန်မာစံတော်ချိန် ၁၂နာရီခွဲအချိန် တိုင်းထွာချက်တိအရ ဘင်္ဂလား ပင်လယ်အော် အနောက် အလယ် ပိုင်းမာ ဖြစ်နီရေမုန်တိုင်းချေ (Depression)စွာ အနောက်မြောက်ဖက်သို့ ရွိလားခလျား ပြီးကေဟိုင်းကြီးကျွန်းမြို့၏ အနောက်-အနောက်တောင်ဖက် ရီမိုင် ၄၈၅ မိုင်၊ သံတွဲမြို့၏အနောက်-အနောက်တောင်ဖက် ရီမိုင် ၅၂၅ မိုင်၊ စစ်တွေမြို့၏ အနောက်တောင်ဖက် ရီမိုင် ၄၉၅ မိုင်၊ အိန္ဒိယနိုင်ငံ၊ ပါရာဒစ်မြို့၏ တောင်ဖက် ရီမိုင် ၃၂၀ မိုင်၊ ဒီဂါမြို့၏ တောင်ဖက် ရီမိုင် ၄၀၅ မိုင်နန့် ဘင်္ဂလားဒေ့ချ်နိုင်ငံ၊ ခီပူပါရာမြို့၏ တောင်-အနောက်တောင်ဖက် ရီမိုင် ၄၈၀ မိုင်လောက်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနီရေ လို့ဖော်ပြထားပါရေ။
မုန်တိုင်းချေ၏ လက်ဟိအခြေအနီစွာမြန်မာပြည်ဖက်သို့ ဦးတည်ရွီလျားဖို့ အခြေအနီမဟိလို့ အဝါရောင်အဆင့်သတ်မှတ်တေလို့လေ့ မိုးဇလက ဆိုပါရေပါ။
ယင်း မုန်တိုင်းချေစွာ အနောက်မြောက်ဖက်သို့ ဆက်ရွီးလားနိုင်ပြီးကေ နောက် ၁၂ နာရီအတွင်း အားကောင်းသော မုန်တိုင်းချေ(Deep Depression)အဖြစ်သို့ လည်းကောင်း၊ ယင်းနောက် မြောက်-အရှိမြောက်ဖက်သို့ ပြန်ကွေ့လို့ နောက် ၄၈ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့လည်းကောင်း ပိုအားကောင်းလာနိုင်ပနာ အောက်တိုဘာ ၂၅ ရက်နိမာ ဘင်္ဂလားဒေ့ချ်နိုင်ငံကမ်းခြီနန့် ယင်းနန့်ဆက်စပ်နီရေ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြီသို့ ရောက်လာနိုင်ရေလို့ ဆိုပါရေ။
မုန်တိုင်းချေ၏အဟိန် ဒေနိမွန်းလွဲပိုင်းကစလို့ အောက်တိုဘာ ၂၅ ရက်နိအတွင်း ရက္ခိုင်ပြည်မာ မိုးထစ်ချုန်းရွာနိုင်ရေပိုင် ရက္ခိုင်ကမ်းရိုးတန်းတလျှောက်နန့် ကမ်းလွန်ပင်လယ်ပြင်ရို့မာလည်း တခါတရီ မိုးသက်လီပြင်းတိကျရောက်ပြီးကေ လှိုင်းအသင့်အတင့်က လှိုင်းကြီးနိုင်ကေလို့လည်း ထုတ်ပြန်ချက်အရ သိရပါရေ။
ယင်းမုန်တိုင်းချေ၏အဟိန်ကြောင့် လီပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရီကြီးခြင်းနန့်အတူ မြီပြိုခြင်းတိ ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသနားမာ နီထိုင်ကတ်လူတိအနီနန့် မြီပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြစ်ဝကျွန်းပေါ်၊ ရက္ခိုင်ကမ်းရိုးတန်းတလျှောက်နန့် မြစ်ချေ၊ ချောင်းချေတိအနားမာ နီထိုင်ကတ်လူတိအနီနန့်လည်း ရီကြီးမှုတိဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနီထိုင်ကတ်ဖို့နန့် ရက္ခိုင်ကမ်းရိုးတန်းတလျှောက်နန့် ကမ်းလွန်ပင်လယ်ပြင်ရို့ဟိ ကမ်းနား၊ ကမ်းဝီးငါးဖမ်းဘုတ်တိ၊ သင်္ဘောတိကြိုတင်သတိပြုကတ်ဖို့ကို မိုး/ဇလ က အသိပီးနှိုးဆော်ထားပါရေ။