
APM ၊ ဖေဖော်ဝါရီ ၂၂ / ၂၀၂၃
ပလောင်ပြည်နယ်လွတ်မြောက်ရီးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရီးတပ်မတော်(PSLF/TNLA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး တားအလှော် (ခ) တားမူစယ်ကွယ်လွန်ခြင်းအတွက် ညီနောင်မဟာမိတ်များဖြစ်သည့် MNTJP/MNDAA နန့် ULA/AA ရို့က ဒေနိ(ဖေဖော်ဝါရီ ၂၂ ရက်နိ) ၌ ဝမ်းနည်းကြောင်းသဝဏ်လွှာပီးပို့လိုက်ကြောင်း သိရသည်။
အဆိုပါ ဝမ်းနည်းကြောင်းသဝဏ်လွှာတွင် “ပလောင်ပြည်နယ်လွတ်မြောက်ရီးတပ်ဦး/ တအာင်းအမျိုးသားလွတ်မြောက်ရီးတပ်မတော်(PSLF/TNLA) ၏ ဗဟိုကော်မတီဝင်၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး တားအလှော် (ခ) တားမူစယ်၊ အသက် (၆၄) နှစ်သည်ပလောင်ပြည်နယ်နန့် တအာင်းလူမျိုးများလွတ်မြောက်ရီးအတွက် တော်လှန်ရီးလုပ်ငန်းတာဝန်များကိုထမ်းဆောင်နီယင်း ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နိ မိုးထ ၄ နာရီ ၁၆ မိနစ်အချိန်တွင် (၉၆) ပါးသောရောဂါဖြင့် ဘဝတပါးသို့ ကူးပြောင်းကွယ်လွန်သွားကြောင်း ကြားသိရပါသည်။” ဟုဖော်ပြထားသည်။
ယင်းသို့ ပလောင်ပြည်နယ်နန့်တအာင်းလူမျိုးများ အဖိနှိပ်ခံဘဝမှလွတ်မြောက်ရီးအတွက် တော်လှန်ရီးလှုပ်ယှားမှုကာလ လမ်းခုလတ်တွင် (PSLF/TNLA) ၏ ဗဟိုကော်မတီဝင်၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးတားအလှော် (ခ) တားမူစယ် ရုတ်တရက်ကွယ်လွန်လားခြင်းမှာ တအာင်းပြည်နယ်နန့် တအာင်းလူမျိုးများအတွက် ကြီးမားသော ဆုံးယှုံးမှုတခုဖြစ်ပြီး ညီနောင်မဟာမိတ်နှစ်ဖွဲဖြစ်သော မြန်မာနိုင်ငံအမှန်တရားနှင့်တရားမျှတသော အမျိုးသားပါတီ/ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNTJP/MNDAA) နှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA) အနီနန့် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး တားအလှော် (ခ)တားမူစယ်၏ ဆွေမျိုးများ၊ မိသားစုဝင်များ၊ မိခင်အဖွဲ့အစည်းနန့် ထပ်တူထပ်မျှဝမ်းနည်းရပါကြောင်းလေ့ သဝဏ်လွှာတွင်ဖော်ပြထားသည်။
ယင်းအပြင် “ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး တားအလှော် (ခ) တားမူစယ်သည် ၁၉၇၉ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ PSLO/ PSLA တွင် စစ်ဦးစီးချုပ်၏ ကိုယ်ရီးအရာဟိတာဝန်၊ ဗဟိုလုံခြုံရီးတာဝန်၊ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF) ၏တာဝန်၊ အထူးတပ်ဖွဲ့တာဝန်၊ ထောက်ပို့တာဝန်၊ အထွေထွေအုပ်ချုပ်ရီး စသည့်တာဝန်များကို ထမ်းဆောင်ခသည်။ ယင်းအပြင် PSLF/TNLA လက်ထက်တွင် ဗျူဟာမှူးတာဝန်၊ တပ်မဟာမှူးတာဝန်၊ စစ်ဦးစီး မှူးတာဝန်နန့် ဒုတိယစစ်ဦးစီးချုပ်တာဝန်ရို့ကို မကွယ်လွန်ခင်အချိန်အထိ ထမ်းဆောင်ခသည်။ ဒုတိယစစ်ဦး စီးချုပ်ဗိုလ်မှူးကြီး တားအလှော် (ခ) တားမူစယ်သည် ပလောင်ပြည်နယ်နန့် တအာင်းလူမျိုးများလွတ်မြောက်ရီး အတွက်ကျရာတာဝန်ကို အားသွန်ခွန်စိုက် တစိုက်မတ်မတ်ထမ်းဆောင်ခသူတဦးဖြစ်ပြီး တအာင်းအမျိုးသားများ၏ စံပြပုဂ္ဂိုလ်များထဲမှတဦးလေ့ဖြစ်သည်။” ဟု MNTJP/MNDAA နန့် ULA/AA ရို့က ဆိုသည်။
MNTJP/MNDAA နန့် ULA/AA ရို့အနီနန့် ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်သော PSLF/TNLA မှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး တားအလှော် (ခ) တားမူစယ်၏ ပလောင်ပြည်နယ်နန့် တအာင်းအမျိုးသားများ လွတ်မြောက်ရီးလှုပ်ယှားမှုကာလအတွင်း အနစ်နာခံပီးဆပ်စွန့်လွှတ်မှုနန့် လုပ်ဆောင်ချက်များကို တန်ဖိုးထားလေးစားဂုဏ်ပြုကြောင်းနန့် ဗိုလ်မှူးကြီး ကောင်းမွန်ရာဘုံဘဝကိုရောက်ပါစီကြောင်းလေ့ MNTJP/MNDAA နန့် ULA/AA ရို့၏ PSLF/TNLA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး တားအလှော် (ခ) တားမူစယ် ကွယ်လွန်ခြင်းအတွက်ပီးပို့သည့် ဝမ်းနည်း ကြောင်းသဝဏ်လွှာတွင် ဖော်ပြပါဟိပါသည်။
