APM၊ အောက်တိုဘာ ၂၁/၂၀၂၂
စစ်ကောင်စီတပ်ကမတရားဖမ်းဆီးထားပြီးမတရား အသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ (၂)နန့် အမှုဖွင့်တရားစွဲဆိုထားသည့် တောင်ကုတ်မြို့မှသွားဆရာ ဝန် ဒေါက်တာ ကျော်သူရထွန်းကို ဒေနိ(အောက်တို ဘာ ၂၁ ရက်နိ)၌ တောင်ကုတ် မြို့နယ်တရားရုံး တွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆီးမည်ဟု သိရသည်။
တောင်ကုတ်မြို့၊ချောင်းကောက်ရပ်ကွက်မှ ဒေါက် တာ ကျော်သူရထွန်း(၄၂ နှစ်)ကို စပ်တမ်ဘာ ၆ ရက် နိ မိုးထ (၉) နာရီခန့်က Mask တပ်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မတရားဖမ်းဆီးလားခြင်းဖြစ်သည်။
ယင်းနောက် တောင်ကုတ်အခြီစိုက် ခမရ(၅၄၄)တပ် ရင်းထဲဟိ စရဖရုံးတွင် ၁၇ ရက်ကြာ စစ်ဆီးမှုများပြုလုပ်ခပြီးနောက် စပ်တမ်ဘာ ၂၃ ရက်နိ၌ တောင်ကုတ်မြို့မရဲစခန်းသို့ လွှဲ ပြောင်း၍ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)၊ (၂) နန့် အမှုဖွင့်ထားခြင်းဖြစ်သည်။
လက်ဟိတွင် ဒေါက်တာကျော်သူရထွန်းအား တောင် ကုတ်မြို့မရဲစခန်းမှာ ချုပ်နှောင်ထားကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် ကုန်ခသည့် စက်တမ်ဘာ ၆ ရက်နိမှအောက်တိုဘာ ၁၈ ရက်နိအထိ တောင်ကုတ်မှ အပြစ်မဲ့ အရပ်သား ပြည်သူ ၂၇ ယောက်ထက်မနည်းကို ဖမ်းဆီးခပြီး၊ ၎င်းရို့ထဲမှ တချို့ကို ပုဒ်မအမျိုးမျိုးတပ်၍ မတရား သဖြင့် အမှုဖွင့် တရား စွဲဆို ထားသည့်အပြင် လက်ဟိအချိန်ထိ မိသားစုများအဆက်အသွယ်မရသိမ့်ဘဲ ပျောက်ဆုံးနီသူများလေ့ဟိကြောင်း သိဟိရသည်။
![](https://arakanprincess.media/wp-content/uploads/2022/09/Dr.jpg)