APM၊ အောက်တိုဘာ ၂၁/၂၀၂၂
မြောက်ဦးမြို့တွင် အောက်တိုဘာ ၂၀ ရက်နိ၌လေ့ အပြစ်မဲ့အရပ်သားပြည်သူတယောက်ကို စစ်ကောင် စီတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးလာခပြန်ကြောင်း သိရသည်။
အဖမ်းဆီးခံရသူမှာ မြောက်ဦးမြို့၊ ပြင်ဈီးရပ်ကွက်မှ ဦးထွန်းထွန်းဝင်း (၃၂နှစ်) ဖြစ်သည်။
ဦးထွန်းထွန်းဝင်းသည် အောက်တိုဘာ ၂၀ ရက်နိမိုးထက ဆွေမျိုးတော်စပ်သူ အဖိုးအိုတယောက်အား ဆိုင်ကယ်ဖြင့် မြို့ထဲသို့ လိုက်ပို့စဉ် ဝါဈီးတန်းထားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးလားခခြင်းဖြစ်သည်။
မြောက်ဦးတွင် စပ်တမ်ဘာ၄ရက်နိမှ အောက်တိုဘာ ၂၀ရက်နိအထိကာလအတွင်းစစ်ကောင်စီက အပြစ် မဲ့ အရပ်သားပြည်သူ ၉ ယောက်ထက်မနည်းကို အ ကြောင်းအမျိုးမျိုးပြ၍ဖမ်းဆီးထိန်းသိမ်းခပြီး၊ပုဒ်မ အမျိုးမျိုးတပ်၍တရားစွဲဆိုလျက်ဟိကြောင်း သိဟိ ရသည်။

Please follow and like us: