
APM ၊ စပ်တမ်ဘာ ၂၁ / ၂၀၂၃
ရက္ခိုင်မာ ဒေရက်ပိုင်းအတွင်း မြန်မာစစ်တပ်က ဒေသခံလမ်းလားလမ်းလာတိကို စစ်ဆီးမှုတိတင်းတင်းကြပ်ကြပ် ပြုလုပ်လာနီကြောင်း ဒေသတွင်းသတင်းတိအရ သိရပါရေ။
ဒေရက်ပိုင်းအတွင်း မြန်မာစစ်တပ်စွာ စစ်တွေ-ရန်ကုန်ကားလမ်းမကြီးနန့် အငူမော်-မောင်တောလမ်းပိုင်းတလျှောက်ဟိ စစ်ဆီးရီးဂိတ်တိမာ ဒေသခံ လမ်းလား လမ်းလာတိကို တင်းတင်းကြပ်ကြပ်စစ်ဆီးနီရေလို့ ဆိုပါရေ။
အထူးသဖြင့် ရန်ကုန်-စစ်တွေ ကားလမ်းဟိကျောက်တန်းဂိတ် ၊ ကျောက်တော်တပ်မဂိတ်နန့်အမ်းဂိတ်မာ ခရီးသည်တိကို ကားထက်ဆင်းခိုင်းပြီးကေဓာတ်ပုံတိနန့်တကွ စစ်ဆီးရေလို့ ကားသမားတိကပြောပါရေ။
အငူမော်-မောင်တောကားလမ်းပိုင်းတလျောက်ဟိ မြန်မာစစ်တပ်စစ်ဆီးရီးဂိတ်တိမာလည်း ဒေရက်ပိုင်းအတွင်း လမ်းလား လမ်းလာဒေသခံတိကို မှတ်ပုံတင်စစ်ဆီးစွာ၊ ကုန်ပစ္စည်းတိစစ်ဆီးစွာ စသဖြင့် စစ်ဆီးမှုတိတင်းတင်းကြပ်ကြပ် ပြုလုပ်လာနီ ရေလို့ ဆိုကတ်ပါရေ။
ယင်းအပြင် မြန်မာစစ်တပ်စွာ ဒေရက်ပိုင်းအတွင်း စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စရေမြို့နယ်တိမာ ညည့်အချိန် ကင်းလှည့်လားလာ စစ်ဆီးမှုတိ လုပ်လာရေလို့ သိရပါရေ။
ရသေ့တောင်မြို့မာဆိုကေ ဒေရက်ပိုင်းအတွင်း မြန်မာစစ်တပ်တပ်ဖွဲ့ဝင်တိနန့် ရဲတပ်ဖွဲ့ဝင်တချို့ပူးပေါင်းပနာ ညည့် ၈ နာရီကနီ ၁၂ နာရီလောက်အထိ လှည့်လည်လားလာလှုပ်ယှားနီကတ်တေလို့ မြို့ခံတိကပြောပါရေ။
ယင်းပိုင်ဗျာယ် ပုဏ္ဏားကျွန်းမြို့မာလည်း ဒေရက်ပိုင်း မြန်မာစစ်တပ်တပ်ဖွဲ့ဝင်တိစွာ စစ်ကားတိ၊ ဆိုင်ကယ်တိနန့် လှည့်လည်လားလာမှုတိဟိရေလို့ သိရပါရေ။
အလားတူ စစ်တွေ၊ တောင်ကုတ်၊ မာန်အောင်၊ကျောက်ဖြူ၊ သံတွဲစသည့် ရက္ခိုင်ပြည်မြို့နယ်တချို့မာလည်း မြန်မာစစ် တပ်က ဒေသခံတိကို တင်းတင်းကြပ်ကြပ် စစ်ဆီးမှုတိပြုလုပ်လာနီရေပိုင် ရက္ခိုင်ပြည် တကျော့ပြန်တိုက်ပွဲကာလက ဖမ်းဆီးထားသည့် အပြစ်မဲ့ ရက္ခိုင်ပြည်သူတိကို မတရား ထောင်ဒဏ်ချမှတ်စွာ၊ AA ထိန်းချုပ်ရာနီရာတိသို့ ဒရုန်းတိနန့် ကင်းထောက်စွာတိပါ ပြုလုပ်လာနီရေလို့ သိဟိရပါရေ။
