APM၊ စပ်တမ်ဘာ ၂၁ /၂၀၂၃
ရက္ခိုင်မာ စပ်တမ်ဘာ ၁၁ ရက်နိမှ ၁၉ ရင်နိအထိ နှစ်ပတ်အတွင်း ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်တေဆိုပြီးကေ ထောင်ဒဏ်ချမှတ်ခံရရေလူ ၇ ယောက် အထိ ဟိလာရေလို့ သိရပါရေ။
ယင်း ၇ ယောက်မာ မင်းပြားက ၁ ယောက်၊ ပုဏ္ဏားကျွန်းက ၁ ယောက် ၊ ကျောက်တော်က ၂ ယောက် ၊ အမ်းက ၁ ယောက် နန့် စစ်တွေက ၂ ယောက်ဖြစ်ပြီးကေ အားလုံးက မတရားအသင်းဆက်နွယ်မှု ဥပေဒေပုဒ်မ ၁၇(၁) ၊ မြန်မာပြည်ဆူပူလှုံ ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)နန့် လက်နက်ကိုင်ဆောင်မှု အက်ဥပဒေပုဒ်မ ၂၁(က)ရို့နန့် အမိန့်ချမှတ်ခံရစွာဖြစ်ပါရေ။
စပ်တမ်ဘာ ၁၉ ရက်နိက မင်းပြားမြို့နယ်၊ငှက်ကောက်ရွာက ကိုသိန်းဇော်ကို ဥပဒေပုဒ်မ ၁၇(၁)နန့် မင်းပြားမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်ခပါရေ။
စပ်တမ်ဘာ ၁၈ ရက်နိကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ မင်းကန်ရွာက ကိုမြတ်သူရထွန်းကိုဥပဒေပုဒ်မ ၂၁ (က) နန့် စစ်တွေခရိုင်တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်ခပါသိမ့် ပါရေ။
ဆက်လက်ပြီးကေ ကျောက်တော်မြို့နယ်၊ ပေါင်းတုတ်ကျေးရွာက ဦးကျော်သန်းမောင်နန့် ပန်းဖဲချောင်းရွာက ကိုဇော်မိုးထက်ရို့ကိုလည်း စပ်တမ်ဘာ ၁၅ ရက်နိမာ ကျောက်တော်မြို့နယ်တရားရုံးက ပုဒ်မ – ၅၀၅(က) နန့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခပါရေ။
ယင်းအပြင် စပ်တမ်ဘာ ၁၃ ရက်နိကလည်း အမ်းမြို့နယ်၊ လုံးကောက်အုပ်စု၊ ညောင်ချောင်ရွာက ဦးအောင်တင်မြင့်ကို ပုဒ်မ ၁၇ (၁)နန့် ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ခရေပိုင် စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာရွာက ဦးဘသိန်းနန့်သက္ကယ်ပြင်ရွာမှ ဦးဆော်လိမ်(ခ) မောင်မောင်ခင်ရို့လည်း ပုဒ်မ ၅၀၅(က)နန့် စပ်တမ်ဘာ ၁၁ ရက်နိမာ ထောင်ဒဏ် ၂ နှစ်စီ အသီးသီးချခံခရပါသိမ့်ရေ။
ဒေရက်ပိုင်းအတွင်း မြန်မာစစ်တပ်ဖက်က AA နန့်ဆက်စပ်တေဆိုပျာ သံသယနန့် ဖမ်းထားလူတိကို ဆက်တိုက်ဆိုပိုင် အမိန့်ချမှတ်နီပါရေ။
ယင်းပိုင် AA ဆက်စပ် သံသယနန့် မတရားဖမ်းဖမ်းဆီးတရားစွဲခံထားရေလူတိကို စစ်ကောင်စီက ထောင်ဒဏ်ချ မှတ်နီရေကိစ္စတိနန့် ပတ်သက်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် ULA/AA ပြန်ကြားရီးတာဝန်ခံ ဦးခိုင်သုခက စစ်ကောင်စီစွာ ရက္ခိုင်ပြည်တွင်း ယာယီအပစ်ရပ်ရီးအတွက် မူလက နှစ်ဖက်သဘောတူထားခရေ အချက်တချို့ကို ချိုးဖောက်လာနီပြီးကေ ယင်းလုပ်ရပ်တိကြောင့် နောက်ဆုံးမှာ စစ်ရီးပဋိပက္ခသို့ ဦးတည်လားနိုင်ရေလို့ သတိပီးပြောကြားထားပါရေ။