
APM ၊ စပ်တမ်ဘာ ၂၁ / ၂၀၂၁
ပီအက်စ်ဗွီအသင်းကို ၄ ဂိုးပြတ်နန့် အနိုင်ရရေ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစွာ နည်းပြဘဝမာ ပထမဆုံးစတင်ရေ ချန်ပီယံလိဂ်ပွဲဖြစ်တေပိုင် သူ့အတွက် အမှတ်ရနီဖို့ နိုင်ပွဲတပွဲဖြစ်တေလို့ အာဆင်နယ် နည်းပြ အာတီတာ က ဖွင့်ဟပြောဆိုပါရေ။
ခြောက်နှစ်အကြာမာ ဥရောပထိပ်သီးကလပ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခရေ အာဆင်နယ်စွာ ဒေနိ(စပ်တမ်ဘာ ၂၁ ရက်) မိုးထက အိမ်ကွင်းမာ ကဇတ်တေ ပီအက်စ်ဗွီနန့် ပွဲစဉ်မာ ၄ ဂိုးပြတ်အနိုင်ရခပါရေ။
ကျနော် ဒေနိ ကကောင်းပျော်ပါရေ။ ချန်ပီယံလိဂ် တေးခြင်းသံကို နားထောင်ပနာ ကွင်းထဲကိုရောက်နီရေ ခံစားချက်က စိတ်လှုပ်ယှားဖို့ကောင်းပါရေ။ ယေပြီးကေ ကျနော့်အတွက် ပထမဆုံး ချန်ပီယံလိဂ်ပွဲမာ အမှတ်တရတခု စိုက်ထူနိုင်ခစွာပါ။ အသင်းကဇတ်သမားတိ၏ ချန်ပီယံလိဂ်ပြိုင်ပွဲဝင် စိတ်ဓာတ်တိကိုလည်း မြင်တွိခရေပါရေ လို့ အာတီတာက ဆိုပါရေ။
အာဆင်နယ်အသင်းစွာ ချန်ပီယံလိဂ်အုပ်စု ဒုတိယပွဲကို လာဖို့အောက်တိုဘာ ၂၄ ရက်နိ ယူရိုပါလိဂ်စံချိန်တင်ချန်ပီယံ ဆီဗီလာအသင်း နန့် ယှဉ်ပြိုင်ရဖို့ဖြစ်ပြီးကေ ဒေအပတ် စပ်တမ်ဘာ ၂၄ ရက်နိမာတော့ စပါးအသင်း နန့် ပရီးမီးယားလိဂ်ပွဲကို ရင်ဆိုင်ကဇတ်ရေဖို့ဖြစ်ပါရေ။
Source- Arteta said the start of the Champions League was a memorable game for him./ Arsenal.com
Photo- The Mirror
