
APM ၊ စပ်တမ်ဘာ ၂၁ / ၂၀၂၃
စစ်တွေဆိပ်ကမ်းသစ်မာ ပြည်တွင်းကမ်းရိုးတန်းသင်္ဘောတိကို စလို့ ဆိုက်ကပ်ခွင့်ပြုလိုက်ဗျာယ် ဖြစ်ကြောင်း ရခိုင်ပြည်ကုန်သည်တိနန့် စက်မှုလက်မှုလုပ်ငန်းသျှင်များအသင်း (RSCCI)က စပ်တမ်ဘာ ၂၀ ရက်နိ ထုတ်ပြန်ပါရေ။
ထုတ်ပြန်ချက်မာ”အိန္ဒိယ-မြန်မာ ချစ်ကြည်ရီးကုလားတန်မြစ်ဘက်စုံသုံးသယ်ယူပို့ဆောင်ရီးစီမံကိန်း ဆိပ်ခံတန်းထား (စစ်တွေ ဆိပ်ကမ်း)မာ ပြည်တွင်းကမ်းရိုးတန်းသင်္ဘောတိ စလို့ဆိုက်ကပ်နိုင်ဗျာယ် ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါရေလို့ ဖော်ပြထားပါရေ။
သင်္ဘောတိ ဆိုက်ကပ်နိုင်ဖို့ လိုအပ်တေအကြံအဉာဏ်တိကိုလည်း RSCCI ဘားက ရယူနိုင်ရေလို့ ဆိုပါရေ။
ယင်းစစ်တွေဆိပ်ကမ်းသစ်ကို အိန္ဒိယအစိုးရက အမေရိကန်ဒေါ်လာ သန်း ၁၂ဝ အကုန်အကျခံ တည်ဆောက်ပီးထားစွာဖြစ်ပြီးကေ အိန္ဒိယအစိုးရစွာ စစ်ကောင်စီဘားက နှစ် ၃ဝ စီမံကိန်းနန့် ငှားရမ်းအသုံးပြုလားဖို့လို့ သိရပါရေ။
ကုလားတန် စီမံကိန်းကို ၂၀၀၈ ခုနစ်က အိန္ဒိယနန့်သဘောတူလက်မှတ်ရွီးထိုးခပြီးကေ အိန္ဒိယဖက်က အမေရိကန် ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံပနာ၊ ၂၀၁၀ ခုနှစ် စပ်တမ်ဘာလကစပျာ အကောင်အထည်ဖော် ဆောင်ရွက်နီစွာဖြစ်ပါရေ။
လက်ဟိယင်းစီမံကိန်းစွာ အလုံးစုံမပြီးစီးနိုင်သိမ့်ဘဲ စီမံကိန်း၏အစိတ်အပိုင်းတခုဖြစ်တေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၊ လွမ့်တလိုင်းခရိုင်က မြန်မာနယ်စပ်အထိ ၁၁၇ ကီလိုမီတာအရှည်ဟိရေ နှစ်လမ်းလား ကားလမ်းကို ဖောက်လုပ်နီတုန်းဖြစ်ပနာ ယင်းကားလမ်းပြီးမှရာ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး စီမံကိန်းကို စတင်အသုံးပြုနိုင်ဖို့လို့ သိဟိရပါရေ။
