APM ၊စပ်တမ်ဘာ ၂၁/၂၀၂၂
ရသေ့တောင်မြို့နယ်အခြီစိုက် စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးလက်နက်ငယ်များနန့် အနီးအနားရွာများသို့ ပစ်ခတ်တိုက်ခိုက်နီ၍ အနီးအနားရွာသားများအားလုံး ဖီးလွတ်ရာသို့ တိမ်းယှောင်နီကတ်ရကြောင်း သတင်းရဟိသည်။
ရသေ့တောင်မြို့နယ်အခြီစိုက် စစ်ကောင်စီတပ်များဖြစ်သည့် ရီစိုးချောင်းဗျုဟာ ၊ တပ်မ(၂၂)လက်အောက်ခံ ခမရ (၂၀၂)တပ်ရင်း တပ်စွဲထားသော မညှင်းတောင်စခန်းမှ ဒေနိ (စပ်တမ်ဘာ ၂၁ ရက်) မိုးထ ၁၀ နာရီခန့်မှစကာ အနီးအနားရွာများသို့ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်နီခြင်းဖြစ်သည်။
ယင်းလက်နက်ကြီးကျည်များသည် အနီးအနားကျေးရွာများဖြစ်သည့် သမီးလှရွာသစ်၊ ရွာဟောင်း၊ ကုန်းတန်းစသည့်ရွာများအနားတွင် ကျရောက်ပေါက်ကွဲနီ၍ ရွာသားများ စိုးရိမ်ကြောက်လန့်ကာ ဖီးလွတ်ရာသို့ တိမ်းယှောင်နီကတ်ရသည်ဟု ဒေသခံများကပြောသည်။
ပြီးခသည့် ဩဂတ်စ် ၃၀ ရက်နိကလေ့ ခမရ (၂၀၂) မညှင်းတောင်တပ်စခန်းမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အနီးအနားရွာများသို့ ပစ်ခတ်တိုက်ခသည့်အတွက် ၎င်းပတ်ဝန်းကျင်ဟိ ရွာပေါင်း ၉ ရွာမှ ဒေသခံများ နီးစပ်ရာရွာများသို့ တိမ်းယှောင်ခကတ်ရသိမ့်သည်။
လက်ဟိ ရက္ခိုင်ပြည်တွင် ရက္ခိုင့်တပ်တော် AA နန့် စစ်ကောင်စီတပ်ရို့ စစ်ရီးတင်းမာမှုများ မြင့်တက်နီသည့်အပြင် တိုက်ပွဲများလေ့ ပြင်းပြင်းထန်ထန်ဖြစ်ပွားလျက်ဟိပြီး စစ်ကောင်စီမှလေ့ အပြစ်မဲ့အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊လူသားဒိုင်းကာအဖြစ်အသုံးပြုခြင်း၊ တိုက်ပွဲနန့် မသက်ဆိုင်သည့် လူနီရပ်ရွာများကို လက်နက်ကြီးလက်နက်ငယ်များ၊ စစ်ရဟတ်ယာဉ်၊ ဂျက်တိုက်လီယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်နီကြောင်း သိဟိရပါသည်။
(Zawgyi)
ရသေ့တောင်အခြီစိုက် စစ်ကောင်စီတပ်စခန်းများမှ လက်နက်ကြီးလက်နက်ငယ်များပစ်ခတ်နီ၍ဒေသခံများတိမ်းယှောင် နီရ
APM ၊စပ်တမ်ဘာ ၂၁/၂၀၂၂