
APM ၊ ဩဂတ်စ် ၂၁ / ၂၀၂၃
ပါကစ္စတန်အနောက်မြောက်ပိုင်းတွင် ဩဂတ်စ် ၂၀ ရက်နိကအကြမ်းဖက် ဗုံးခွဲတိုက်ခိုက်မှုတခုကြောင့် အလုပ်သမား ၁၁ ယောက် သီဆုံးလားကြောင်း ပါကစ္စတန်ယာယီ ၀နျကွီးခြုပျ အန်နဝါ အာဟာ့တ်က ပြောကြားသည်။
အဆိုပါဗုံးပေါက်ကွဲမှုသည် အာဖဂန်နယ်စပ်အနား ပါကစ္စတန်အနောက်မြောက်ပိုင်း၊ ကျိုင်ဘာပါတန်ခွာပြည်နယ်၊ ဝါဇီရစ္စ တန်တောင်ဟိ ဆောက်လုပ်ရီးပရောဂျက်သို့လားရောက်မည့် အလုပ်သမားများလိုက်ပါလာသည့် ထရပ်ကားတစီးတွင် ပေါက်ကွဲခခြင်းဖြစ်သည်ဟု ဆိုသည်။
ဗုံးပေါက်ကွဲမှုအတွင်း အလုပ်သမား ၁၁ ယောက်သီဆုံးလားပြီး လက်ဟိတွင် ဗုံးဖောက်ခွဲမှုအတွက် ဇာအဖွဲ့ကမှ တာဝန်ဟိ ကြောင်း ထုတ်ဖော်ပြောကြားခြင်းမဟိသိမ့်ဟု အာဏာပိုင်များက ပြောသည်။
ပါကစ္စတန်တွင် အစိုးရနန့် ပါကစ္စတန်တာလီဘန်(TTP)အဖွဲ့ရို့အကြား အပစ်အခတ်ရပ်စဲရီး ပျက်ပြားလားချိန်မှစ၍ အကြမ်းဖက် တိုက်ခိုက်မှုများ ပြန်လည်ပေါ်ပေါက်လာနီသည်။
တချိန်တည်းတွင် ပါကစ္စတန်၌ TTP တာလီဘန်အဖွဲ့အပြင် တခြား ISIS အဖွဲ့များကလည်း အကြမ်းဖက်တိုက်ခိုက်မှုများကို ကြိုးကိုင်ပြုလုပ်နီသည်။
ပြီးခသည့် ဂျူလိုင် ၃၀ ရက်နိက ခိုင်ဘာပါတန်ခွာပြည်နယ်၊ ခရာမြို့တွင် နိုင်ငံရီးဟောပြောပွဲတခုအတွင်း ISIS အဖွဲ့၏ အသီခံ ဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၅၆ ယောက်သီဆုံးခကာ လူ ၂၀၀ နီးပါး ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပွားခသိမ့်သည်။
Source – Militant attack kills 11 labourers in Pakistan/Reuters
Photo Khaama Press
