(ဩဂတ်စ် ၁၄ ရက်နိမှ ဩဂတ်စ် ၂၀ ရက်နိ အထိ)
၁။ ၁၄ – ၈ – ၂၀၂၃(တလင်းလာ)
(၁) ရက္ခိုင်ပြည်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှု၊ မြစ်ရီကြီးမှုနန့်ပတ်သက်၍ အရေးပေါ်အကူအညီများ ချက်ချင်း လိုအပ်လျက်ဟိ ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က ဩဂတ်စ် ၁၄ ရက်နိတွင် ထုတ်ပြန်သည်။
(၂) ဩဂတ်စ် ၁၄ ရက်နိတွင်ကျရောက်သော ရက္ခိုင်သမိုင်းသုတေသီ ရက္ခိုင်-မြန်မာပဏ္ဍိတ် ဆရာကြီးဦးဦးသာထွန်း ကွယ်လွန်ခြင်း (၃၃) နှစ်မြောက် အောက်မိဖွယ်အခမ်းအနားကို စစ်တွေမြို့၌ ကျင်းပပြုလုပ်ခသည်။
၂။ ၁၅ – ၈ – ၂၀၂၃(အင်္ဂါ)
ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌဖြစ်သူ ဒေါ်ညိုအေးကို စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များက ဩဂတ်စ် ၁၅ ရက်နိ နိခင်း ၁၂ နာရီ ကျော်လောက် မှာ စစ်တွေမြို့ မင်းဂံရပ်ကွက်ဟိ ရခိုင်အမျိုးသမီးများကွန်ရက်ရုံးမှ ဖမ်းခေါ်လားသည်။
၃။ ၁၈ – ၈ – ၂၀၂၃(သောကြာ)
မြောက်ဦးမြို့နယ်၊ တောင်ဖြူဆည်တွင် သြဂတ်စ် ၁၆ ရက်နိက တက္ကသိုလ် ကျောင်းသားတယောက် ရီမြုပ်ဆုံးခရပြီးနောက် တောင်ဖြူဆည်အတွင်း ရီကဇာတ်ခြင်းကို ရက္ခိုင်အမျိုးသားအဖွဲ့ ULAက သြဂတ်စ်က ၁၇ ရက်နိမှစကာ ဆည်ဧရိယာ အတွင်း ဆိုင်းဘုတ်များစိုက်ထူလျက် တားမြစ်ထားသည်။