APM၊ ဩဂတ်စ် ၂၁/ ၂၀၂၃
ရက္ခိုင်တွင် ရိုးရာလက်မှုပညာရပ်တခုဖြစ်သည့် ကြိမ်ဖြင့် ဖန်တီးပြုလုပ်သည့် လက်မှုပရိဘောဂများမှာ ဝယ်ယူသုံးစွဲလူ နည်းပါးလာ၍ လုပ်ငန်းလုပ်ကိုင်လူများအခက်ကြုံနီရကြောင်း သိရသည်။
ရက္ခိုင်တွင် အယင်က ကြိမ်များဖြင့်ပြုလုပ်ထားသည့် အဆိုပါအိမ်အသုံးအဆောင် ပရိဘောဂပစ္စည်းများမှာ ပြည်တွင်းသုံး စွဲမှုများပြား ခသည့်အပြင် တဖက် ဘင်္ဂလားဒေ့ချ်နိုင်ငံသို့လည်း အများကြီး တင်ပို့နိုင်ခသည်။
ယေကေလေ့ လက်ဟိခေတ်ကာလတွင် ခေတ်မီနည်းပညာများဖြင့်ထုတ်လုပ်ထားသည့် အိမ်အသုံးဆောင် ပရိဘောဂ ပစ္စည်းများ ဈီးကွက်အတွင်း တွင်ကျယ်လာပြီးနောက် ရိုးရာလက်မှုလုပ်ကြိမ်ထည်အသုံးဆောင်ပစ္စည်းများမှာ ဝယ်ယူ လူနည်းပါးလာကာ လုပ်ငန်းလုပ်ကိုင်လူများမှာအခက်ကြုံနီရကြောင်း လုပ်ငန်းသျှင်များကပြောသည်။
ယင်းအပြင် လက်ဟိတွင် လုပ်ငန်းလုပ်ကိုင်လူများနည်းပါးလာခြင်း၊ ကြိမ်ကုန်ကြမ်းယှားပါးခြင်းများကြောင့်လည်း ရိုးရာကြိမ်ထည်လုပ်ငန်းမှာ ပျောက်ကွယ်စပြုလာနီသည်ဟုဆိုသည်။
ကြိမ်ဖြင့် ဒီဇိုင်းအမျိုးမျိုးဖန်တီးကာ ပြုလုပ်ထားသည့် အိမ်အသုံးဆောင်ပစ္စည်းများမှာ နှစ်တာရှည်သုံးစွဲနိုင်သည့်အပြင် နွီရာသီကာလ၌ အအီးဓာတ်ရဟိခြင်းနန့် သက်တောင့်သက်သာဟိပြီး အမျိုးစားအလိုက် ငွေကျပ် သောင်းဂဏန်းမှ ဆယ်ဂဏန်းထိ ပီးဝယ်ရကြောင်း သုံးစွဲဖူးများက ပြောကြားချက်အရ သိဟိရသည်။