
APM၊ ဩဂတ် ၂၁/ ၂၀၂၃
အများပြည်သူများအနီနန့် ခွင့်ပြုချက်/လိုင်စင်မဟိဘဲ နိုင်ငံခြားငွေများ လက်ဝယ်ကိုင်ဆောင်ထားသည်ကို တွိပါက နိုင်ငံခြား ငွေစီမံခန့်ခွဲမှုဥပဒေအရ အရေးယူလားမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ဗဟိုဘဏ်က ဩဂတ်စ် ၂၀ ရက်နိတွင် ကြေညာ သည်။
ကြေညာချက်၌ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၉ အရ မြန်မာပြည်တွင် နိုင်ငံခြားသုံးငွေရောင်းဝယ်မှု လုပ်ငန်းများကို လုပ်ငန်းလိုင်စင်ဟိလူများရာ ဆောင်ရွက်ခွင့်ဟိသည်ဟု ဖော်ပြထားသည်။
အဆိုပါ နိုင်ငံခြားသုံးငွေဝယ်ယူရောင်းချလဲလှယ်ပီးခွင့်လိုင်စင်ရဟိလူများသည်လည်း နိုင်ငံခြားငွေ ငွေသားနန် ခရီးလား ချက်လက်မှတ်များကိုရာ ရောင်းဝယ်ခွင့်ဟိသည်ဟု ဆိုသည်။
ဗဟိုဘဏ်သည် ၂၀၁၄ ခုနှစ်၊စပ်တမ်ဘာ ၃၀ ရက်နိက မြန်မာပြည်တွင် နီထိုင်လူတယောက်သည် တရားဝင်နည်းလမ်းနန့် ရဟိထားသည့် အမေရိကန်ဒေါ်လာ ၁သောင်း(သို့မဟုတ်)ယင်းနန့်ညီမျှသည့် နိုင်ငံခြားငွေများကို ၆ လအတွင်း ကိုင်ဆောင် ခွင့်ဟိသည်ဟု နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းကို သတ်မှတ်ခသည်ဟု ပါဟိသည်။
ယင်းကြောင့် ၆ကျော်သည်အထိ အသုံးမပြုဘဲဟိနီသည့် နိုင်ငံခြားငွေများကို နိုင်ငံခြားငွေလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရထား လူများထံတွင် ရောင်းချလဲလှယ်ခြင်း၊ ဘဏ်စရင်းသို့ ထည့်သွင်းခြင်းများ မလုပ်ဘဲ နိုင်ငံခြားငွေများလက်ဝယ် ကိုင်ဆောင် ထားသည်ကို တွိဟိပါက အရေးယူလားမည်ဖြစ်ကြောင်း သတိပီးလိုက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Photo မြန်မာပြည်ဗဟိုဘဏ်
