APM ၊ ဩဂတ်စ် ၂၁ / ၂၀၂၃
ပေါက်တောမြို့နယ်၊ ကြိမ်နီပြင် IDP စခန်းတွင် Mocha ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း စခန်းအတွင်း အချေသူငယ်များအပါအဝင် နီမကောင်းဖြစ်မှု ပိုများလာပြီး လုံလောက်သည့် ကျန်းမာရီးစောက်ယှောင့်မှုရရန် လိုအပ်ကြောင်း စခန်းတာဝန်ဟိလူများက ပြောသည်။
မုန်တိုင်းတိုက်ခတ်ပြီးနောက် စခန်းအတွင်း လူကြီးတချို့နန့် အချေသူငယ်အများစုမှာ ခန္ဓာကိုယ်အနှံ့ ယားနာများ ဖြစ်ပေါ်ခြင်း၊ တုပ်ကွေးနန့် ဝမ်းရောဂါများဖြစ်ပွားခြင်းစသဖြင့် ကျန်းမာရီးချို့ယွင်းလျက်ဟိပြီး ကိုယ်ဝန်ဆောင်မိခင် များမှာလေ့ ကျန်းမာရီးစောင့်ယှောက်မှု လိုအပ်သည်ဟု ဆိုသည်။
ယင်းကျန်းမာရီးဆိုင်ရာ လိုအပ်ချက်များအတွက် စခန်းသို့ လာရောက်ကုသပီးနီသည့် MSF ကျန်းမာရီးဝန်ထမ်းများက ၁ ပတ်တကြိမ် လာရောက်ကုသပီးကေလေ့ ဆီးကုသသည့်အချိန်မှာ ၁ နာရီလောက်ရာရ၍ လူနာအရေအတွက်နန့် ကုသချိန်နည်းပါးခြင်းကြောင့် နီမကောင်းဖြစ်သူအများစုမှာ ဆီးကုသခွင့်မရကတ်ဟုသိရသည်။
ကြိမ်နီပြင် IDP စခန်းတွင် ကျေးရွာပေါင်း ၅ ရွာမှ အိမ်ထောင်စု ၁၄၈၃ စုနန့် လူဦးရေ ၇၈၀၆ ယောက် ခိုလှုံလျက်ဟိသည်။