APM၊ သြဂတ်စ် ၂၁/၂၀၂၃
ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်းဟိ ဒေသခံများ အဓိက အသုံးပြုလားလာနီသည့် ရွာချင်း ဆက်လမ်းများ ဆိုးဆိုးဝါးဝါး ပျက်စီးနီ၍ ဒေသခံများ လားလာရီ အခက်ကြုံနီကတ်ရကြောင်းသိရသည်။
မိုးစဲကျွန်း၌ ပျက်စီးနီသည့် လမ်းများမှာ ဇီးကိုင်း-ငနားပြားဆိပ်ကမ်းလမ်း၊ ကူတောင်-မင်းကန်လမ်း၊ ကူတောင်-ရွှီလောင်း တင်လမ်း၊ ဦးဂါ-မြင်ခချောင်း(ရွာမ၊ ကုန်းတန်း) လမ်း၊ မြင်ခချောင်း-ကံပြင်လမ်း၊ နန်းခင်း -ညောင်ပင်လယ်လမ်း၊ညောင်ပင်လယ် -ဆားပြင်ကြီးလမ်း၊ကြက်ရိုးဆိပ် -ကျွန်းကြီးလမ်း၊ ကပ်ချောင်း -ညောင်ပင်ကြီးလမ်း ၊ ဇီးကိုင်း-ခြီတော်ရာလမ်းများဖြစ်ပါသည်။
လမ်းအများစုမှာ ကျောက်ခင်း၊ မြီသားလမ်းများ ဖြစ်ပြီး မိုးရာသီအတွင်း ရီအိုင်များ တင်နီခြင်းကြောင့် လက်ဟိတွင် လားမရလောက်အောင် ဆိုးဆိုးဝါးဝါး ပျက်စီးနီကြောင်း ဒေသခံများက ပြောသည်။
ယင်းသို့ လမ်းများပျက်စီးနီခြင်းကြောင့် ဒေသခံများလားလာရီးအပိုင်း၌ အကြီးအကျယ်အခက်ကြုံနီကတ်ရသည် ဟုဆိုသည်။
ယင်းအပြင် ယင်းလမ်းများ၌ ဗြီးဆွဲနီကတ်သည့် သုံးဘီး၊ ကား ၊ဆိုင်ကယ် ကယ်ရီသမားများမှာ အလုပ်လက်မဲဲ့ ဖြစ်နီ ကတ်ရပြီး တချို့ဆိုလျှင် သုံးဘီး ၊ကား၊ ဆိုင်ကယ်များကိုရောင်း၍ ပြည်ပထွက်ခွာလားကတ်ရသည်။
ဇီးကိုင်း-ငနားပြားဆိမ်းကမ်းလမ်း မှာ တကျွန်းလုံးကိုဆက်သွယ် ထားသည့် အရှည်ဆုံးလမ်းဖြစ်ပြီး လက်ဟိတွင် အဆိုးဝါးဆုံး ပျက်စီးလျက်ဟိကာ ဒေသခံများမှာ လားလာ ရီးအခက်ကြုံနီကတ်ရကြောင်း သိရသည်။