
APM၊ ဂျူလိုင် ၂၁ / ၂၀၂၃
မန်ယူအသင်းသည် ၎င်းရို့၏ အသင်းဂေါင်းဆောင်သစ်အဖြစ် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို တရားဝင် ခန့်အပ်လိုက် ကြောင်း ဂျူလိုင် ၂၀ ရက်နိတွင် တရားဝင်ကြေညာသည်။
မန်ယူ သည် အင်္ဂလန်နောက်ခံလူ မက်ဂွိုင်းယားကို အသင်းဂေါင်းဆောင်ရာထူးက ထုတ်ပယ်လိုက်ပြီးနောက် အသင်းဂေါင်း ဆောင်သစ်အဖြစ် ဖာနန်ဒက်စ်ကို ခန့်အပ်လိုက်ခြင်းဖြစ်သည်။
“ကျနော်ရို့ နည်းဗျူဟာနန့် အကူးအပြောင်းက အသင်းအတွက် ကောင်းအရေးကြီးပါရေ။ ဖာနန်ဒက်စ်က စံချိန် စံညွန်းနန့် ကိုက်ညီရေပွဲတိကို အများကြီးကဇတ်နိုင်ပါရေ။ သူ့စွမ်းဆောင်ရည်က အသင်းအတွက် ဥပမာတခု ဖြစ်တေပိုင် လူတိုင်း အတွက် စံနမူနာကောင်းလေ့ဖြစ်ပါရေ” ဟု မန်ယူနည်းပြ တန်ဟက် ကဆိုသည်။
အသက် ၂၈ နှစ်အရွယ် ဖာနန်ဒက်စ်သည် ၂၀၂၀ ခုနှစ်တွင် စပို့တင်းလစ္စဘွန်းအသင်းမှ မန်ယူအသင်းသို့ ရောက်လာပြီး အသင်း၌ ၁၈၅ ပွဲကဇတ်ရာ ၆၄ ဂိုးသွင်းယူထားသည့်အပြင် ဂိုးဖန်တီးမှုလေ့ (၅၄) ကြိမ်ပြုလုပ်ထားသည်။
Source – MANCHESTER UNITEDBruno Fernandes named new Manchester United captain
Photo – FootballTransfers.com
