APM ၊ ဂျူလိုင် ၂၁ /၂၀၂၃
ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အာလီအသင်းသည် ပရီးမီးယားလိဂ်မှ ဖူလ်ဟမ်အသင်းနည်းပြ မာကိုဆေးလ်ဗားကို ၂ နှစ်စာချုပ်ဖြင့် ခေါ်ယူရန် ပေါင်သန်း ၄၀ နန့် ကမ်းလှမ်းထားကြောင်း သိရသည်။
ဆေးလ်ဗားသည် ဖူလ်ဟမ် နန့် စာချုပ်သက်တမ်း တနှစ်ကျန်နီသိမ့်ပြီး လက်ဟိ အပြောင်းအရွှိရာသီတွင် အသင်းမှ ကဇတ်သမားမဝယ်ပီး၍ စိတ်ပျက်နီချိန် အယ်လ်အာလီအသင်းမှ ကမ်းလှမ်းလာခြင်းဖြစ်သည်။
Sky Sport ၏ အဆိုအရ နည်းပြဆေးလ်ဗား၏ ကိုယ်စားလှမ်များသည် အယ်လ်အာလီအသင်း တာဝန်ဟိသူများနန့် တွိဆုံဆွေးနွေးရန် လန်ဒန်သို့ရောက်နီပြီး ၎င်း၏စာချုပ်ဖျက်သိမ်းကြေးကတော့ ပေါင် ၆ သန်းလောက်ဟိသည်ဟု ဆိုသည်။
အသက် ၄၆ နှစ်အရွယ် ဆေးလ်ဗားသည် ၂၀၂၁ ခုနှစ်တွင် ဖူလ်ဟမ်သို့ ရောက်ဟိလာပြီး ၎င်း၏ပထမရာသီတွင် အသင်းအား ချန်ပီယံသျှိမှ ပရိးမီးယားသို့ ပို့ဆောင်ပီးခကာ ပြီးခသည့်ရာသီက ပရီးမီးယားလိဂ် အဆင့် (၁၀) နီရာထိရောက်အောင် စွမ်းဆောင်ပီးထားသည်။
အယ်လ်အာလီအသင်းသည် ပရီးမီးယားလိဂ်မှ လီဗာပူးလ် တိုက်စစ်မှူး ဖာမီနို နန့် ချဲလ်ဆီး ဂိုးသမား မန်ဒီ ရို့ကို ခေါ်ယူထားပြီး လက်ဟိတွင် မန်စီးတီး တောင်ပံကဇတ်သမား မာရက်ဇ်ကိုလေ့ ဆီးစစ်ဆီးမှူးခံယူ၍ အောင်မြင်ထားကြောင်း သိဟိရသည်။
Source – Al Ahli offered 40 million to Fulham coach Silva/Sky Sports
Photo- DaiIy MaiI