APM၊ ဂျူလိုင် ၂၁ / ၂၀၂၃
စစ်ကောင်စီနန့် ဆက်နွယ်သည်ဟုဆိုကာ လူပုဂ္ဂိုလ် ၆ ယောက်နန့် လုပ်ငန်းတခုကို ပိတ်ဆို့ဒဏ်ခတ်လိုက်ကြောင်း ဥရောပသမဂ္ဂ(EU)က ဂျူလိုင် ၂၀ ရက်နိတွင် ထုတ်ပြန်သည်။
EU၏ ဒဏ်ခတ်အရေးယူလိုက်သူများမှာ စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရီးဝန်ကြီး ဦးမြင့်ကြိုင်၊ အလုပ်သမားဝန်ကြီး ဦးပွင့်ဆန်း ၊ ကျန်းမာရီးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနန့် စစ်ကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဦးအောင်ကျော်မင်း၊ ဦးပိုရယ် အောင်သိန်း၊ စစ်ထောက်ချုပ် ဒုတိယဗိုလ်မှူးကြီး ကျော်စွာလင်းရို့ဖြစ်ကြောင်း သိရသည်။
အလားတူ ပိတ်ဆို့ဒဏ်ခတ်ခံရသည့် လုပ်ငန်းမှာ စစ်ကောင်စီအတွက် အဓိကဝင်ငွေရနီသည့် အမှတ်(၂) သတ္တုတွင်းလုပ်ငန်း ဖြစ်ကြောင်း သိရသည်။
ဦးအောင်ကျော်မင်းသည် ရက္ခိုင်ပြည်ဝန်ကြီးချုပ်ဟောင်းဖြစ်ပြီး ဦးပိုရယ်အောင်သိန်းမှာ ကြံ့ခိုင်ရီးပါတီဝင် တယောက် ဖြစ်ကာ စစ်ကောင်စီ ၏ မြန်မာပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနန့် ဖိနှိပ်မှုများတွင် အဓိက တာဝန်ဟိ သူများဖြစ်၍အရေးယူရသည်ဟု ဆိုသည်။
ဒေတကြိမ်နန့်ဆိုလျှင် စစ်ကောင်စီနန့်ဆက်နွယ်၍ EU က ပိတ်ဆို့ဒဏ်ခတ်ထားသည့် လူပုဂ္ဂိုလ် ၉၉ယောက်နန့် ကုမ္ပဏီအဖွဲ့ အစည်း ၁၉ ခုဟိလာယာဖြစ်သည်။
ယင်းသို့ အရေးယူဒဏ်ခတ်ခံရသူများမှာ ၎င်းရို့၏ ပိုင်ဆိုင်မှုများအာ EUမှ ထိန်းချုပ်မည်ဖြစ်ပြီး ဥရောပသမဂ္ဂ နယ်မြီများ အတွင်းသို့ ဝင်ရောက် ခရီးလားလာဖြတ်သန်းခြင်း တားမြစ်ခံရမည်ဖြစ်ကာငွေကြေးဆက်သွယ်ထောက်ပံ့မှုများကိုပါ ပိတ်ပင်ခံရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Source – Myanmar/Burma: EU imposes seventh round of sanctions against six individuals and one entity/ European Council
Photo – Reuters