APM၊ ဂျူလိုင် ၂၁/ ၂၀၂၃
မလေးသျှားနိုင်ငံ၊ ဆာရာဝတ်ပြည်နယ်၊ ဆီးဘိုင်ယာမြို့ဟိ ပူလိုဘူရမ်ကျွန်း အနောက်မြောက်ဖက် ရီမိုင် ၄၀ လောက် အကွာ၌ ဂျူလိုင် ၂၀ရက်နိက ကုန်တင်သင်္ဘောတစင်း နစ်မြုပ်လားခရာ မြန်မာပြည်သား ၄ ယောက် အပါအဝင် သင်္ဘောသား ၉ယောက် ပျောက်ဆုံးနီကြောင်း သိရသည်။
နစ်မြုပ်လားခသည့် MV Tung Sung နာမည်ရ ကုန်တင်သင်္ဘောမှာ ကျောက်စရစ်များ တင်ဆောင်လာခြင်းဖြစ်ပြီး၊ နစ်မြုပ်ရာ၌ မြန်မာ ၄ ယောက်၊ မလေးသျှား ၄ ယောက်နန့် အင်ဒိုနီးသျှား ၁ ယောက်ပျောက်ဆုံးနီကြောင်း မလေး ရီကြောင်းထိန်းသိမ်းရီးအေဂျင်စီက ထုတ်ပြန်ထားသည်။
ပျောက်ဆုံးနီသူများအား ညဇာဖက်အထိ ရှာမတွိသိမ့်ဘဲ ၎င်းရို့ကို ရှာဖွီရန် ရှာဖွီကယ်ဆယ်ရီးယာဉ်များနန့် အရေးပေါ် လိုအပ်သည့်ပစ္စည်းများကိုဖြန့်ကြက်ချထားကြောင်း အေဂျင်စီက ပြောပါသည်။
ပျောက်ဆုံးနီသူများအား မလေးသျှားတော်ဝင်ရဲတပ်ဖွဲ့က ဂျူလိုင် ၂၀ ရက်နိ ညဇာ ၇ နာရီလောက်အထိ ရှာဖွီခပြီး ဒေနိတွင်လေ့ မိုးထ ၈ နာရီမှစ၍ ထပ်မံရှာဖွီနီကြောင်း သိဟိရသည်။
Source – Cargo ship sinks, 9 crew members missing
Photo News Straits Times