APM ၊ ဂျူလိုင် ၂၁/ ၂၀၂၃
ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ် ရွီးချယ်ခြင်းကို လာမည့် ဂျူလိုင် ၂၇ ရက်နိ ပြန်လုပ်မည်ဟု အောက်လွှတ်တော် ဥက္ကဋ္ဌ ဝမ်မိုဟာမက် နော်မာသာ က ဂျူလိုင် ၂၀ ရက်နိ ညည့်ပိုင်းတွင် ပြောကြားသည်။
ဝန်ကြီးချုပ်သစ်ရွီးချယ်ရန် အောက်လွှတ်တော်နန့် အထက်လွှတ်တော်ရို့၏ ပူးတွဲအစည်းအဝေးကို လာမည့် ဂျူလိုင် ၂၇ ရက်နိ၊ မိုးထ ၉ နာရီ ၃၀ မိနစ်တွင် ပြုလုပ်လားမည်ဟု အောက်လွှတ်တော်ဥက္ကဋ္ဌ က ဆိုသည်။
ဝန်ကြီးချုပ်သစ်ရွီးချယ်ရီးအစည်း အဝေး၌ နိုင်ငံရီးပါတီများမှဝန်ကြီးချုပ်လောင်းနာမည်စာရင်းတင်သွင်းခြင်း၊ဝန်ကြီးချုပ်လောင်း၏ အရည်အချင်းများနန့်ပတ်သက်၍ အချေအတင် ဆွေးနွေးခြင်းများပြုလုပ်ကာ ညဇာ ၅ နာရီတွင် အပြီးသတ် မဲခွဲဆုံးဖြတ်မည်ဟုလွှတ်တော်ဥက္ကဋ္ဌ က ပြောသည်။
အဆိုပါဝန်ကြီးချုပ်သစ် ရွီးချယ်ပွဲတွင် ကိုယ်စားလှယ်လောင်း ဇာလောက် နာမည်စာရင်းတင်သွင်းမည်ကို မသိရ သိမ့်ကေလေ့ ကိုယ်စားလှယ်လောင်းသည် အောက်လွှတ်တော်နန့် အထက်လွှတ်တော်အမတ်များ၏ ထောက်ခံမဲ ၃၇၄ မဲထက်ပိုရမှရာ အနိုင်ရမည်ဟုဆိုသည်။
ပြီးခသည့် ဂျူလိုင် ၁၉ ရက်နိက Move Forward ပါတီဂေါင်းဆောင် ပီတာအား ဝန်ကြီးချုပ်လောင်းအဖြစ် တင်သွင်းရာ တွင် ထောက်ခံမဲ ၃၁၂ မဲ၊ ကန့်ကွက်မဲ ၃၉၅ မဲနန့် ပယ်ချခံရသည့် အတွက် ရွီးကောက်ပွဲဥပဒေအရ အဆိုပါ ရွီးချယ်ပွဲ တွင်ထပ်မံ နာမည်တင်သွင်း၍ မရတော့ကြောင်း သိရသည်။
Source – Parliament to meet again July 27th to select prime minister
Photo – Thai PBS World