
APM၊ ဂျူလိုင် ၂၁ /၂၀၂၃
ကျောက်တော်မြို့နယ်ဟိ လမ်းပမ်းဆက်သွယ်ရီး ခက်ခဲသည့် မုန်တိုင်းသင့် ကျေးရွာတချို့တွင် လက်ဟိအချိန်အထိ အကူညီရဟိမှု နည်းပါး၍ စားဝတ်နီရီး အခက်ကြုံနီရကြောင်း သိရသည်။
အဆိုပါကျေးရွာများမှာ သရက်အုပ်၊ င/တပေါင်း၊ မင်းသားဆိပ်၊ လှညိုကန်၊ ကျောက်ဆည်၊ သင်္ဘောကွေ့၊ ပုလဲကိုင်း၊ဆန်းသစ်ပြင်၊ငါးယောက်ကိုင်း၊ရှောက်ချောင်း၊ဂါဘု၊ပင်းစိုင်း၊ကြာညိုအင်း၊သုံးခွ၊ပြိုင်းချောင်း အပါအဝင် ကျေးရွာများ ဖြစ်ကတ်သည်။
မေ ၁၄ ရက်နိကတိုက်ခတ်ခသည့် Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ယင်းဒေသ၌လေ့ မုန်တိုင်းဒဏ်သင့်ခရပြီး နီအိမ်အများအပြားပျက်စီးခရကြောင်း ရွာသားများကပြောသည်။
လက်ဟိ မုန်တိုင်းအပြီး နှစ်လကျော်ကြာသည့်အထိ အကူညီရဟိမှု အလွန်နည်းပါး၍ ယင်းကျေးရွာများဟိ မုန်တိုင်းကြောင့် ပျက်စီးလားသည့် နီအိမ်အများစုမှာ ပြန်မပျင်နိုင်သိမ့်ဘဲ အပျက်အစီးများကြားထဲတွင် ခက်ခက်ခဲခဲ ဆက်လက်ရပ်တည် နီထိုင်နီကတ်ရသည်ဟု ဆိုသည်။
လမ်းပန်းဆက်သွယ်ရီး အခက်အခဲကြောင့်လေ့ အဆိုပါ ကျေးရွာများသို့ အကူအညီလာရောက်လှူဒါန်းခြင်း မဟိသလောက် ဖြစ်နီသည်။
လက်ဟိတွင် ပျက်းစီးနီသည့် နီအိမ်များအား ပြန်ပြုပျင်ရန်အရေးတကြီးလိုအပ်နီပြီး၊ ကူညီကယ်ဆယ်ရီးအဖွဲ့များအပါ အဝင် သက်ဆိုင်ရာတာဝန်ဟိသူများက အယင်ဆုံးကူညီဆောင်ရွက်ပီးစီလိုကြောင်းရွာသူ/ရွာသားများက မိတ္တာရပ်ခံ တောင်းဆိုထားသည်။


