
APM ၊ ဂျူလိုင် ၂၁ / ၂၀၂၃
ချန်ပီယံသျှိကလပ်မှ ပရိးမီးယားလိဂ်သို့ တန်းတက်လာသည့် ဘန်လေအသင်းသည် တူရကီကလပ် ဘီဆစ်တပ်အသင်းမှ အင်္ဂလန်တောင်ပံကဇတ်သမား နာသန်ရက်မွန်ကို ၂ နှစ်သက်တမ်း ၁ နှစ်စာချုပ်ထပ်တိုးဖြင့် ခေါ်ယူလိုက်ကြောင်း ဒေနိ (ဂျူလိုင် ၂၁ ရက်နိ)တွင် အတည်ပြုကြေညာသည်။
“သူ့မှာ ကောင်းမွန်ရေ အလုပ်ကျင့်ဝတ်၊ ကျွမ်းကျင်မှုများစွာနန့်ဆက်လက်သင်ယူလိုစိတ်ဟိပါရေ။ သူက လူငယ် ကဇတ် သမားတိကိုလေ့ အတုယူစီပနာ ကလပ်ကိုလေ့ အကျိုးပြုဖို့ ကဇတ်သမားတယောက်ဖြစ်ပါရေ” ဟု ဘန်လေနည်းပြ ကွန်ပနီက ဆိုသည်။
နည်းပြကွန်ပနီ ဦးဆောင်သည့် ဘန်လေအသင်းသည် ပရီးမီးယားလိဂ်သို့ တန်းတက်လာပြီးနောက် ၎င်းရို့၏ ၇ ယောက် မြောက် ကဇတ်သမားခေါ်ယူမှုလေ့ဖြစ်သည်။
အသက် ၂၉ နှစ်အရွယ် ရက်မွန်သည် ဘီဆစ်တပ်အသင်းသို့ မပြောင်းခင်က ဆောက်သမ်တန်၊ နောဝှစ်ခ်ျစီးတီး နန့် ဘာမင်ဂမ်စီးတီးအသင်းများတွင် ပရီးမီးယားလိဂ်ပွဲ ၂၅၀ ကျော် ကဇတ်ခကြောင်း သိဟိရသည်။
Source- El Burnley fich a Raymond, el extremo ingls/BBC
Photo- premierleague.com
