APM ၊ ဂျူလိုင်၂၁ / ၂၀၂၃
စစ်ကောင်စီ အစီအစဉ်နန့် ရွှိပြောင်းအခြီချနီထိုင်နီကတ်သည့် မောင်တောမြို့နယ်၊ “မြိုယုရွာသားများတွင် လက်ဟိ စားနပ် ရိက္ခာများ အရေးတကြီး လိုအပ်နီကြောင်းသိရသည်။
မြိုတိုင်းရင်းသား ၆၀၀ ကျော်နီထိုင်သည့် အဆိုပါ မြိုယုရွာတွင် မေ ၁၄ ရက်နိကတိုက်ခတ်ခသည့် Mochaဆိုင်ကလုန်း မုန်တိုင်းကြောင့် တရွားလုံးနီးပါး ပျက်စီးခရသည်။
လက်ဟိတွင် အဆိုပါ အပျက်စီးများကြားထဲမှ သုံးလို့ရသည်များနန့် နီအိမ်များကို ဖြစ်တေပိုင်ပြုပျင်နီထိုင်နီကတ်ကေလေ့ အကူညီရဟိမှုနည်းပါးခြင်း၊အလုပ်အကိုင်ယှားပါးခြင်းများကြောင့် ကျေးရွာသားများမှာ စားနပ်ရိက္ခာများပြတ်လပ်ကာ အခက်ကြုံနီရကြောင်း ရွာသားများက ပြောသည်။
မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း အဆိုပါမြိုယုရွာကို WFP နန့် တခြားအဖွဲ့အစည်းတချို့က စားနပ်ရိက္ခာကူညီထောက်ပံ့မှု စကေ ပီးခကေလေ့လောက်ငှမှုမဟိ၍ ကောင်းမကြာခင် စားနပ်ရိက္ခာပြတ်လပ်မည့် အရေးနန့် ကြုံတွိနီရသည်ဟု ဆိုသည်။
အဆိုပါ မြိုယုရွာကို လူမှုဘဝဖွံ့ဖြိုးတိုးတက်ရီးအတွက်ဟုဆိုကာ စစ်ကောင်စီက ကုန်ခသည့် ၂၀၂၂ ခုနှစ်တွင် နီရာသစ်သို့ ရွှိပြောင်းထားခြင်းဖြစ်ကြောင်း သိရသည်။