APM ၊ ဂျူလိုင် ၂၁ / ၂၀၂၃
ဆွီဒင်နိုင်ငံ၌ ကိုရမ်ကျမ်း မီးတိုက်ခံရမှုနန့် ပတ်သက်၍ အီရတ်မှကန့်ကွက်ဆန္ဒပြသူများက အီရတ်မြို့တော် ဘဂ္ဂဒက်ဟိ ဆွီဒင်သံရုံးကို ဂျူလိုင် ၂၀ ရက်နိမှာ ဝင်ရောက်စီးနင်း မီးတိုက်ခကတ်ကြောင်းသိရသည်။
လူပေါင်းရာ ချီပါသည့် အီရတ်ဆန္ဒပြသမားများသည် ဆွီဒင်သံရုံး၏ရှိ၌ ဆန္ဒပြနီကတ်ရာမှ နောက်ပိုင်းတွင် သံရုံးအား ဝင်ရောက် မီးတိုက်ခကတ်သည်။
ကိုရမ်ကျမ်းသည် အစ္စလာမ်ဘာသာ၏ အထွတ်တမြတ်ထားရာ ဘာသာရီးကျမ်းစာအုပ်ဖြစ်သည့်အားလျော်စွာ ယင်းကျမ်း စာအုပ်အား မီးတိုက်ခြင်းအပေါ် ပြင်းပြင်းထန်ထန်ကန့်ကွက် ရှုံချကြောင်း ဆန္ဒပြရာ၌ ပါဝင်သူများက ဖွင့်ဟ ပြောဆိုကတ် သည်။
ဆွီဒင်သံရုံးအား စီးနင်းဝင်ရောက်မီးတိုက်ချိန်တွင် သံရုံးအတွင်းဟိ ဝန်ထမ်းများမှာ ထိခိုက်ဒဏ်ရာမရဟိဘဲ ဖီးကင်းလုံခြုံ သည့်နီရာသို့ တိမ်းယှောင်နိုင်ခကတ်သည်ဟု ဆွီဒင်နိုင်ငံခြားရီး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အီရတ်အစိုးရက ဆွီဒင်မြီပေါ်တွင် ကိုရမ်ကျမ်းကို မီးတိုက်ခြင်းနန့် ပတ်သက်၍ နောက်ထပ် အလားတူဖြစ်ရပ်မျိုး ဖြစ်ပေါ် လာပါက သံတမန်ဆက်ဆံရီး ဖြတ်တောက်လားမည်ဟု ဆွီဒင်အစိုးရအား ပြောကြားထားသည်။
Source- Protesters storm Swedish embassy in Iraq over Quran burning plan
Photo -Retuers