APM၊ ဂျုန် ၂၁ /၂၀၂၃
ရက္ခိုင်က မုန်တိုင်းသင့်မြို့နယ်တချို့၌ စာသင်ကျောင်းများမှာ မပြုပျင်နိုင်သိမ့်၍ ကျောင်းသား/ ကျောင်းသူများ စာသင် ကြားရာတွင် အခက် အခဲဖြစ်နီကတ်ရကြောင်း သိရသည်။
မေ ၁၄ ရက်နိက တိုက်ခတ်ခသည့်ဖျက်အားပြင်း Mochaဆိုင်ကလုန်းမုန်တိုင်းကြောင့်ရက္ခိုင်ပြည်တဝန်းဟိ စာသင်ကျောင်း ပေါင်း ၁၀၀၀ နီးပါး၌ အမိုးအကာများပြိုကျပျက်စီးရခသည်။
လက်ဟိမုန်တိုင်းတိုက်ခတ်ပြီး တလကျော်ကြာလာသည့်အချိန်အထိ ယင်းစာသင်ကျောင်းများကို ပြန်လည် ပြုပျင်ခြင်းမ ဟိသိမ့်၍ စာသင်ကြားရာတွင် အခက်အခဲဖြစ်နီရကြောင်း ကျောင်းသူ/ကျောင်းသားများနန့် ဆရာ/ ဆရာမများက ပြော သည်။
တချို့ကျောင်းများဆိုလျှင်လက်တလောပြုပြင်နီဆဲဖြစ်ပြီးမပြီးစီးနိုင်သိမ့်၍ ခေါင်းမိုးမဟိ၊ နံရံမဟိဘဲ ကျောင်းသား/ကျောင်း သူများ ကျောင်းတက်နီကတ်ရကာ အချိန်ကြာလာသည်နန့် အမျှ ကျန်းမာရီးထိခိုက်လာမည်ကို စိုးရိမ်ရသည်။
အမိုးများပျက်စီးလားပြီး မိုးရွာလျှင် ထီးဆောင်းစာသင်နီကတ်ရသည့် ကျောင်းများလေ့ဟိပြီး တချို့စာသင်ကျောင်းများ တွင်တော့ မပြိုဘဲကျန်နီခသည့် စာသင်ခန်းများ၌ Grade အလိုက်ခွဲ၍ အချိန်အပြောင်း အလဲဖြင့် သင်ကြားနီကတ်ရသည်ဟုဆိုသည်။
ရက္ခိုင်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်း သူဦးရေ ၃ သိန်းကျော် ကျောင်းအပ်နှံထားကြောင်း စစ်ကောင်စီ၏ရခိုင် ပြည်နယ်ပညာရီးမှူးရုံးက သိရသည်။