
APM ၊ ဂျုန် ၂၁ / ၂၀၂၃
မြန်မာစစ်တပ်က ဖမ်းဆီးပြီး၊ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅၀၅ (က)နန့် တရားစွဲခံထားရသည့် ကျောက်ဖြူ မြို့ခံနှစ်ယောက်အမှုကို ဂျုန် ၂၀ ရက်နိက အပြီးသတ်အမိန့်ချရန် ရုံးချိန်းထားပြီးမှ အ ထက်လူကြီးခွင့်ပြုချက်မရ ဟုဆို ကာ ရုံးချိန်းရွှိဆိုင်းလိုက်ကြောင်း သိရသည်။
ရုံးချိန်းရွှိခံရသူနှစ်ယာက်မှာ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်မှ ဦးသန်းလှိုင် (၄၁ နှစ်) နန့် ဒေါ်ခင်အုန်းနွဲ့ (၅၆နှစ်) ရို့ဖြစ်ကတ်သည်။
အမှုကို ဂျုန် ၂၀ ရက်နိက ကျောက်ဖြူမြို့နယ်တရားရုံးတွင် အပြီးသတ်အမိန့်ချရန် ချိန်းဆိုထားပြီးမှ အထက်လူကြီးက အမိန့်ချခွင့်မရသိမ့် ဟုဆိုကာ လာမည့် ဂျူလိုင် ၄ ရက်နိသို့ ရုံးချိန်း ရွှိလိုက်သည်။
ဦးသန်းလှိုင်နန့် ဒေါ်ခင်အုန်းနွဲ့ရို့ကို ကုန်ခသည့် ၂၀၂၃ ခုနှစ်၊ မေ ၂၆ ရက်နိက ကျောက်ဖြူအခြီစိုက်မြန်မာစစ်တပ်ခလရ (၃၄)တပ်ရင်းမှဖမ်းလားခခြင်းဖြစ်သည်။
ယင်းနောက် သူရို့နှစ်ယောက်ကို ULA/AA အတွက် ငွေကြေး ကောက်ခံ သည်ဟု စွပ်စွဲကာ ခလရ (၃၄) တပ်ရင်းမှ ဗိုလ် ရဲသက်ဇော် တရားလို လုပ်၍ ၅၀၅(က) နန့် ကျောက်ဖြူမြို့နယ်တရားရုံး၌ တရားစွဲဆိုထားခြင်းဖြစ်သည်။
လက်ဟိ ၎င်းရို့နှစ်ယောက်အား ကျောက်ဖြူထောင်ချုပ်တွင်ထိန်းသိမ်းချုပ်နှောင်ထားပြီး၊ အမှုရင်ဆိုင်နီရသည်မှာ ၁ နှစ်ကျော်ကြာမြင့်လာ၍ စွပ်စွဲခံရသူများ၌ နစ်နာနီကတ်ရကြောင်း သိရသည်။

