
APM၊၊ ဂျုန် ၂၁ / ၂၀၂၃
ဟွန်ဒူးရပ်စ်နိုင်ငံဟိ အမျိုးသမီးအကျဉ်းထောင်တခုတွင် ဂျုန် ၂၀ရက်နိက ပြင်းထန်သည့်အဓိကရုဏ်းတခုဖြစ်ပွားခရာ အကျဉ်းသူ ၄၁ ယောက်ထက်မနည်း သီဆုံးလားကြောင်း အာဏာပိုင်များက ဆိုသည်။
ဟွန်ဒူးရပ်စ်မြို့တော် တီဂူးဆီဂါ့လ်ပါ၏ အနောက်မြောက်ဘက် မိုင် ၃၀ လောက်အကွာဟိ တမားရာအမျိုးသမီး အကျဉ်း ထောင်တွင်အဓိက ရုဏ်း ဖြစ်ပွားခခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်ကို အကျဉ်းထောင်အတွင်းမှ မာရာဂိုဏ်းသားများက ကျူးလွန် ခခြင်းဖြစ်ကြောင်း သမ္မတ ရှီရာမာရာ ကတ်စထရို က ပြစ်တင်ပြောကြားသည်။
အဓိကရုဏ်းအတွင်း သီဆုံးခသည့် အကျဉ်းသူ ၄၁ ယောက် ဟိပြီး ထိ ခိုက်ဒဏ်ရာရခသည့် အကျဉ်းသူ ၇ ယောက်ကို တီဂူး ဆီဂါ့လ်ပါမြို့ ဆီးရုံတွင် ကုသပီးနီကြောင်း ဟွန်ဒူးရပ်စ်အမျိုးသားရဲ စုံစမ်းစစ်ဆီးရီးအေဂျင်စီမှ ပြောခွင့်ရ Yuri Mora ကဆို သည်။
သီဆုံးသူများထဲ ၂၆ ယောက်မှာ မီးလောင်သီဆုံးခခြင်းဖြစ်ပြီး တခြားသူများမှာ သီနတ်ပစ်ခံရခြင်းနန့် ဓားထိုးခံ ရခြင်းများ ကြောင့်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အဓိကရုဏ်းမဖြစ်ခင်ကပင် မာရာဂိုဏ်းသားတချို့သည် အကျဉ်း ထောင်အတွင်းတွင် ပစ္စတိုသီနတ်များနန့် ဓားများကို အမှိုက်ပုံ ထဲတွင် ကြိုတင်ဝှက်ထားခပြီး အကျဉ်းခန်းတခုကို ဖောက်ထွင်းဝင်ရောက်ကာ တခြားအကျဉ်းသားများအား ပစ်ခတ်ခြင်း၊ မီးတိုက်ခြင်းများပြုလုပ်ခသည်ဟု ဆိုသည်။
ဟွန်ဒူးရပ်စ်နိုင်ငံတွင် ၂၀၀၃ ခုနှစ်ကစ၍ မာရာဂိုဏ်းသားများကိုနှိပ်ကွက်သည့်အနီနန့် နိုင်ငံ၏ရာဇ၀တ်ကျင့်ထုံးကို ပြုပျင် ပြောင်း လဲကာ ဂိုဏ်းဝင်များကို ထောင်ဒဏ် ၁၂ နှစ်မှ အများဆုံး ထောင်ဒဏ် နှစ် ၃၀ သို့ တိုးမြှင့်ချမှတ်ထားကြောင်း သိဟိ ရသည်။
Source – 41 women die in grisly riot in Honduran prison that president blames on mara gangs/ AP
Photo – AP
