APM ၊ ဂျုန် ၂၁/၂၀၂၂
ရက္ခိုင်ပြည်အတွင်း လက်ဟိအခြေအနေ၌ လူမျိုးရီး၊ ဘာသာရီးပဋိပက္ခ ဖြစ်စီနိုင်သည့် ဖြစ်စဉ်များကို ဆက်တိုက်တွိလာရသဖြင့် ယင်းဖြစ်စဉ်မျိုး မပေါ်ပေါက်စီရီးအတွက် အထူးအလေးဂရုပြု ဝိုင်းဝန်းကာကွယ် စောင့်ထိန်းကတ်ပါရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)မှ ရက္ခိုင်ပြည်သူလူထုသို့ အသိပီးကြေညာချက် တစောင်ကို ဒေနိရက်စွဲနန့် ထုတ်ပြန်ကြေညာလိုက်သည်။
ယင်းကြေညာချက်၌ “စစ်ကောင်စီတပ်အနီနန့် ရက္ခိုင်ပြည်အတွင်း လူမှုသဟဇာတဖြစ်နီသော ရက္ခိုင်နန့်ရက္ခိုင်မဟုတ်သည့် လူမျိုးနန့်မျိုးနွယ်စုများအကြား ၎င်းရို့သုံးနီကျ လက်နက်ဟောင်းတခုဖြစ်သည့် သပ်သျှိဖြိုခွဲသောနည်းလမ်း၊ အချိုသတ်မက်လုံးပီးသောနည်းလမ်းများကိုအသုံးပြု၍ လူမျိုးရီးပဋိပက္ခများဖန်တီးရန်ကြိုးစားလျက်ဟိရာ အာရက္ခပြည်သူပြည်သားများ အနီနန့် ရန်သူ၏ ထောင်ချောက်ထဲသို့ မကျရောက်လားစီရန်၊ရန်သူ ဖြစ်လိုသော အကွက်ထဲသို့ မသက်ဆင်းလားစီဖို့ အထူးသတိထားရန်လိုအပ်ပါကြောင်း၊ လူမှုကွန်ရက်စာမျက်နှာများထက်က သတင်းများကိုသတိဉာဏ်ဖြင့်ဆင်ခြင်ဖတ်ရှုကတ်ရန်၊ ပဋိပက္ခကိုဦးတည်စီသောအရွီးအသား၊လှုံ့ဆော်မှုမျိုးရွီးသားခြင်း၊ဖြန့်ဝီခြင်းများကို လုံးဝမလုပ်ကတ်ရန်၊အတိတ်ကဖြစ်ပျက် ခသော လူမျိုးရီးပဋိပက္ခဖြစ်ရပ်များမှ သင်ခန်းစာ ယူကတ်ရန်တိုက်တွန်းကြောင်း” ဖော်ပြထားပါသည်။
လတ်တလောဖြစ်ပွားခသည့်ဖြစ်ရပ်များအနက် ဂျုန်၁၆ရက်နိက မောင်တောမြို့နယ်၊ သင်္ဘောလှရွာ၊ မူလတန်းလွန်ကျောင်းမှ ကျောင်းအုပ်ဆရာ ကြီးဦးဘိုဝင်း နန့်လက်ထောက်ဆရာမ ဒေါ်ဥမ္မာကျော်ရို့အား ပြန်ပီးဆွဲခြင်း ဖြစ်စဉ်နန့် ပေါက်တောမြို့ နယ်၊ကြိမ်နီပြင်ရွာမှ မူဆလင်လူငယ်တယောက်အား ရိုက်နှက်ကာ လက်ပြန်ကြိုးတုပ်လျက် နောက်ကုန်းကိုကျောက်တုံးဖိ ၍ ထားခသည့် ဖြစ်စဉ်များကိုထောက်ပြလျက် ယင်းဖြစ်စဉ်များ၌ ရန်သူသည် ၎င်းရို့၏ လက်ကိုင်တုတ် ရက္ခိုင်တချို့၊ အမျိုး သားသစ္စာဖောက်တချို့ နန့် ၎င်းရို့၏ အဖွဲ့အစည်းအတွင်းမှ “ရက္ခိုင် စကားပြောတတ်သူများ”ကို အသုံးချ ခိုင်းစီခသည်ဟု ULA/AA က ဆိုသည်။
အလားတူ လွန်ခသောကာလများကလေ့ မြောက်ဦး၊ကျောက်တော်အစဟိသော ရက္ခိုင်ပြည်မြို့နယ်များ၌စပါးရိတ်စက်များ၊ ကောက်လှိုင်းစည်းများအား မီးတိုက်ခြင်း၊ မုဒိမ်းကျင့်ရန်ကြံစည်ခြင်းအပါအဝင် လူမျိုးရီး၊ ဘာသာရီးပဋိပက္ခကိုဖန်တီးမှုများ ဟိခသည်ဟုလေ့ ကြေညာချက်က ဖော်ညွှန်းပြသည်။
ယင်းအပြင် “ ၂၀၂၀ ကုန်ခါနီးအထိ ရက္ခိုင်ဒေသ၌ တိုက်ပွဲများတောက်လျှောက်ဟိနီခပြီး ယင်းနောက်ပိုင်း တိုက်ပွဲများမဖြစ် ပွားဘဲ ယာယီရပ်တန့်ခကေလေ့စစ်ကောင်စီတပ်၏ စစ်ရီးပြင်ဆင်ခြင်း၊စစ်ရီးလှုပ်ယှားခြင်း၊စစ်အင်အား၊လက်နက်အင်အား ဖြန့်ကြက်တိုးချဲ့နီရာချထားခြင်း၊ ဒေသနီပြည်သူလူထုကို ဖိနှိပ်ခြင်း၊ အနိုင်ကျင့်ခြင်း၊ မတရားသဖြင့်ဖမ်းဆီးနှိပ်စက်ခြင်း၊စိုးရိမ်သောကပီးခြင်း၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အဖွဲ့ဝင်များအား လိုက်လံဖမ်းဆီးနီခြင်း၊ မိမိရို့အုပ်ချုပ်ရီး၊ တရားစီရင်ရီး၊ ပြည်သူ့ရီးရာဆိုင်ရာကဏ္ဍများတွင် အနှောင့်အယှက်ပီးခြင်းတိကို ဆက်တိုက်လုပ်ဆောင်နီကြောင်း” လေ့ ယင်းထုတ်ပြန် ကြေညာချက်၌ ထည့်သွင်းဖော်ပြထားပါသည်။
ယင်းနည်းတူ အာရက္ခဒေသနီရက္ခိုင်ပြည်သူပြည်သားများသည် ULA/AA၏ “ရက္ခိုင်ပြည်သူ့အစိုးရ” ဦးဆောင်မှုနန့်အတူ “ရက္ခိတလမ်းစဉ်” အတိုင်းလျှောက်လှမ်းနီပြီး၊ ရက္ခိုင့်ကံကြမ္မာကို ရက္ခိုင်ပြည်သူပြည်သားရို့လက်နန့် ဖန်တီးခွင့်ရရန် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ဟိပါကြောင်း၊ ရက္ခိုင်ဒေသ၏တိုက်ပွဲများကာလ၊ ကိုရိုနာကူးစက်မြန်ကမ္ဘာ့ကပ်ရောဂါကာလနန့်တိုက်ပွဲ မဟိသည့်ကာလများအတွင်း၌ မိမိရို့ပြည်သူလူထုများသည် ရက္ခိုင် ပြည်သူ့အစိုးရနန့်အတူ လက်တွဲပြီး စည်းလုံး ညီညွတ်စွာဖြင့် အဆိုးအကောင်းများကို ရင်ဆိုင်ဖြတ်သန်းခကတ်သည်ဟု လေ့ ULA/AA ၏ ကြေညာချက်၌ အကျယ်တဝင့် ရွီးသားဖော်ပြထားပါသည်။
(Zawgyi)
“လူမျိုးရီး၊ ဘာသာရီး ပဋိပက္ခ မဖြစ်စီဖို့” ULA/AA မှ ရက္ခိုင်ပြည်သူလူထုသို့ အသိပီးကြေညာချက် ထုတ်ပြန်
APM ၊ ဂျုန် ၂၁/၂၀၂၂
အလားတူ လွန်ခသောကာလများကလေ့ မြောက်ဦး၊ ကျောက်တော် အစဟိသော ရက္ခိုင်ပြည်မြိုနယ်များ၌ စပါး ရိတ်စက်များ၊ ကောက်လှိုင်းစည်းများအား မီးတိုက်ခြင်း၊ မုဒိမ်းကျင့်ရန်ကြံစည်ခြင်း အပါအဝင် လူမျိုးရီး၊ ဘာသာရီး ပဋိပက္ခကို ဖန်တီးမှုများဟိခသည်ဟုလေ့ ကြေညာချက်က ဖော်ညွှန်းပြသည်။