APM၊ ဂျုန် ၂၁/၂၀၂၂
ပြန်ပီးဆွဲခံထားရသည့် မောင်တောမြို့နယ်မှပညာရီးဝန်ထမ်းနှစ်ယောက်လွတ်မြောက်ရီးစစ်ကောင်စီတွင်အပြည့်အဝတာဝန် ဟိကြောင်းနန့် ယင်းဆရာ၊ ဆရာမရို့ ဘေးမသီရန်မခ လွတ်မြောက်လာရီးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပီးစီ လိုကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP)က ဒေနိ(ဂျုန်၂၁ရက်နိ)တွင် ကြေညာချက်တရပ် ထုတ်ပြန်လိုက်သည်။
ကြေညာချက်တွင်“မောင်တောမြို့နယ်မြောက်ပိုင်း သင်္ဘောလှရွာ၌တာဝန်ထမ်းဆောင်နီသည့် ပညာရီးဝန်ထမ်းနှစ်ယောက်ဖြစ်သည့် ဆရာကြီး ဦးဘိုဝင်းနန့် ဆရာမဒေါ်ဥမ္မာကျော်ရို့သည် ဂျုန် ၁၆ ရက်နိက မိမိဌာန မြို့နယ်ရုံးသို့လားစဉ် နာမည်မသိ အဖွဲ့တခု၏ ဖမ်းဆီးခြင်းခံခရပြီး၊ ယင်းသို့အဖမ်းဆီးခံထားရခြင်းသည် နိုင်ငံ၏အချုပ်အချာ အာဏာကိုစွဲကိုင်ထားသည့် စစ်ကောင်စီအနီနန့် သူရို့နှစ်ယောက်အယင်ဆုံးလွတ်မြောက်ရီးအတွက် အပြည့်အဝတာဝန်ဟိကြောင်း” ဖော်ပြထားသည်။
ထို့ကြောင့်“ယင်းဆရာနှစ်ယောက် ဘေးမသီရန်မခ အယင်ဆုံးလွတ်မြောက်လာရီးအတွက် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်စီ လိုသည်”ဟု AFP က တိုက်တွန်းထားသည်။
ယင်းအပြင် “အစိုးရမဟုတ်သောတခြားအင်အားစု(stakeholder)များအနီနန့်လေ့ အဖမ်းဆီးခံ ပညာရီးဝန်ထမ်း နှစ်ယောက်လွတ်မြောက်ရီးတွင်အတတ်နိုင်ဆုံးပါဝင်ကူညီပံ့ပိုးပီးကတ်ပါရန်နန့်အမှုအခင်းနန့်ပတ်သက်၍နယ်စပ်ဖြတ်ကျော်ဆောင်ရွက် ခြင်း (သို့မဟုတ်) ချိတ်ဆက်ဆောင်ရွက်ခြင်းများ ဟိကောင်းဟိနိုင်၍ ဘင်္ဂလာဒေ့ရှ်နိုင်ငံအစိုးရအနီနန့်လေ့ လိုအပ်တေပိုင် အပြည့်အဝပူးပေါင်းဆောင်ရွက်ပီးပါရန်” AFP က မေတ္တာရပ်ခံထားသည်။
ယင်းနည်းတူ သက်ဆိုင်သူနှစ်ယောက်၏ မိသားစုဝင်များနန့်ထပ်တူ စိတ်ပူပင်နီကတ်သော ရက္ခိုင်ပြည်သူလူထုတရပ်လုံး၏ ဆက်လက်စိတ်ဓါတ်ကြံ့ခိုင်ရီးအတွက်လေ့ ရခိုင်ဦးဆောင်ပါတီ (AFP)၏ ကြေညာချက်၌ ခွန်အားဖြည့် ဖော်ပြထားသည်။
(Zawgyi)
ပညာရီးဝန်ထမ်း ၂ ယောက်လွတ်မြောက်ရီးစစ်ကောင်စီတွင်အပြည့်အဝတာဝန်ဟိ၍ သူရို့ပြန်လည်လွတ်မြောက် ရီးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပီးစီလိုကြောင်း ရခိုင့်ဦးဆောင်ပါတီ တိုက်တွန်း
APM၊ ဂျုန် ၂၁/၂၀၂၂
ကြေညာချက်တွင် “မောင်တောမြို့နယ်မြောက်ပိုင်း သင်္ဘောလှရွာ၌ တာဝန်ထမ်းဆောင်နီသည့် ပညာရီးဝန်ထမ်း နှစ်ယောက်ဖြစ်သည့် ဆရာကြီးဦးဘိုဝင်းနန့် ဆရာမဒေါ်ဥမ္မာကျော်ရို့သည် ဂျုန်၁၆ရက်နိက မိမိဌာန မြိုနယ်ရုံးသို့ လားစဉ် နာမည်မသိ အဖွဲ့တခု၏ ဖမ်းဆီးခြင်းခံခရပြီး၊ ယင်းသို့အဖမ်းဆီးခံထားရခြင်းသည် နိုင်ငံ၏အချုပ်အချာ အာဏာကိုစွဲကိုင်ထားသည့် စစ်ကောင်စီအနီနန့် သူရို့နှစ်ယောက်အယင်ဆုံးလွတ်မြောက်ရီးအတွက် အပြည့်အ၀ တာဝန်ဟိကြောင်း” ဖော်ပြထားသည်။