
APM ၊ မေ ၂၁ /၂၀၂၄
မေ ၂၁ရက်နိ၊မိုးထက မောင်တောမြို့နယ်၊သဝင်ချောင်းရွာပျက်၏ အနောက်ဖက်ပင်လယ်ပြင်နားမာ တန့်ထားရေ စစ်ကောင်စီနေဗီက ရသေ့တောင်မြို့နယ်၊စေတီပြင်ရွာကိုရည်ရွယ်ချက်ဟိဟိ လက်နက်ကြီးပစ်လို့ ယင်းရွာမာ စစ်ဖီးယှောင်နီရေ အပြစ်မဲ့ပြည်သူတယောက် သီဆုံးလားပြီး၊၆ယောက် ထိခိုက်ဒဏ်ရာ ရဟိလားရေလို့ သိရပါရေ။
သီဆုံးလားရေလူစွာ ရသေ့တောင်မြို့နယ်၊မညှင်းတောင်ရွာကနီ စေတီပြင်ရွာမာ စစ်ဖီးယှောင်နီရေ ဦးမောင်ချမ်းအေး( ၆၉ နှစ်)ဖြစ်ပြီး၊ ဒဏ်ရာရဟိလားရေ လူတိကတော့ အမျက်တောင်ရွာက ဦးဖြူသာဦး၊ဒေါ်သိန်းသိန်းညွှန့်၊မောင်မျိုးမင်းခန့်နန့် မညှင်းတောင်ရွာက ဦးအောင်ကျော်စိန်၊ဦးကျော်စိုးသန်း၊ရသေ့တောင်မြို့က ကိုလင်းချေရို့ ဖြစ်ကတ်ပါရေ။
ဒေနိ၊မေ ၂၁ ရက်နိက မောင်တောမြို့နယ်၊သဝင်ချောင်းရွာပျက်၏ အနောက်ဖက် ပင်လယ်ပြင်အနားမာ တန့်ထားရေ စစ်ကောင်စီနေဗီစွာ မိုးထ ၆နာရီ ၄၇ မိနစ်မှ ၆ နာရီ ၅၁ မိနစ်အထိ ရသေ့တောင်မြို့နယ်၊စေတီပြင်ရွာကို ရည်ရွယ်ချက်ဟိဟိ လက်နက်ကြီးကျည် (၄)လုံးတိတိ ပစ်ခတ်တိုက်ခိုက်ခပါရေ။
ယင်းသို့ နေဗီက ပစ်ခတ်လိုက်တေ လက်နက်ကြီးကျည်တိစွာ ရသေ့တောင်မြို့နယ်၊စေတီပြင်ရွာဟိ ကယ်ဆယ်ရီးစခန်းနန့် အနားဝန်းကျင်မာ ကျရောက်ပေါက်ကွဲခပါရေ။
အဆိုပါ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ဦးမောင်အေးချမ်း၏ ခြီထောက်နှစ်ဖက်စလုံး ကျည်စထိမှန်ပနာ သီဆုံးလားခရေပိုင် အခြားစစ်ဖီးယှောင်ပြည်သူ ၆ ယောက်ရို့မာလည်း ထိခိုက်ဒဏ်ရာတိ ရဟိလားစွာဖြစ်ပါရေ။







