
(စာကြည့်တိုက် နန့် လူနီအိမ် ၆ ဆောင်လည်း ပျက်စီး)
APM ၊ မေ ၂၁/၂၀၂၄
ဒေနိ(မေ၂၁ရက်နိ)မိုးထစောစောပိုင်းက မောင်တောမြို့နယ်၊ရွှီဗဟိုရွာ၊ဗောဓိကုန်းရွာနန့် ငွေတောင်ရွာရို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုင်တာနန့်ဗုံးကြဲတိုက်ခိုက်လို့ စစ်ဖီးယှောင်အပြစ်မဲ့ပြည်သူ တယောက်သီဆုံးလားပြီးကေ ၁၁ ယောက်ထက်မနည်းထိခိုက်ဒဏ်ရာ ရဟိလားရေလို့ သိရပါရေ။
သီဆုံးလားရေလူစွာ မောင်တောမြို့၊မြို့မရပ်ကွက်ကနီ ရွှီဗဟိုရွာမာ စစ်ယှောင်နီရေ မပန်းအိဖြူ(၂၄ နှစ်) ဖြစ်ပါရေ။
ဒဏ်ရာရဟိလားရေ လူတိကတော့ မောင်တောမြို့နယ်၊ရွှီဗဟိုရွာက ဦးကျော်ညွန့်ဖြူ၊ ယင်းရွာမာ စစ်ဖီးယှောင်နီရေ မမေသဇင်ထွန်း၊ ကိုကျော်ကျော်နိုင်၊ဦးဖြူထွန်း၊ဦးကျော်သိန်းခိုင်၊မောင်သုတဖြိုးနန့် ငွေတောင်ရွာက သာထွန်းဦး၊စိန်သန်းမောင်၊ထွန်းနိုင်စိုး၊စံလှမောင်နန့်ရွှီဖြူသံရို့ ဖြစ်ပါရေ။
ဒေနိ၊မိုးထ ၄ နာရီလောက်က စစ်ကောင်စီ၏ ဂျက်ဖိုင်တာ၂စီးစွာ မောင်တောမြို့နယ်၊ရွှီဗဟိုရွာ၊ ဗောဓိကုန်းရွာနန့်ငွေတောင်ရွာရို့ကို ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခပါရေ။
ယင်းဗုံးသီးတိကျရောက်ပေါက်ကွဲမှုကြောင့် မောင်တောမြို့၊မြို့မမြောက်ရပ်ကွက်ကနီ ရွှီဗဟိုလ်ရွာမာ စစ်ဖီးယှောင်နီရေ မပန်းအိဖြူသီဆုံးလားခပြီးကေ၊တခြားအပြစ်မဲ့ပြည်သူ ၆ ယောက်မာ ဗုံးစထိမှန်ပနာ ထိခိုက်ဒဏ်ရာရဟိလားပါရေ။
အလားတူ မိုးထ ၄နာရီ၂၀ မိနစ်က စစ်ကောင်စီ ဂျက်ဖိုင်တာစွာ ငွေတောင်ရွာကို ထပ်လာရောက်ပနာ ပစ်ခတ်လို့ ဒေသခံ ၅ယောက် ထိခိုက်ဒဏ်ရာ ရဟိလားရေပိုင် ရွာဟိ စာကြည့်တိုက်နန့် သာစိန်ဦးအိမ်၊စံလှဖြူအိမ်၊သားလှ(ခ)မောင်ညိုအိမ်၊သာဖြူအိမ်၊မြထွန်းအိမ်နန့်စောမောက်သိန်းနီအိမ်ရို့မာလည်း ပျက်စီးလားရေလို့ သိရပါရေ။
