
APM၊ မေ ၂၀/ ၂၀၂၄
လက်ဟိ ရက္ခိုင်မာ စစ်ယှုံး စစ်ကောင်စီစွာ ရက္ခိုင်ပြည်သူလူထုရို့ကို အဓိကဦးတည်ပြီးကေ လက်နက်ကြီး၊ဂျက်ဖိုင်တာရို့နန့်လီကြောင်းတိုက်ခိုက်မှုတိဆက်တိုက်ပြုလုပ်လျက်ဟိနီရေအတွက် စစ်ပွဲအန္တရာယ်ဇုန်ထဲမာ ပိတ်မိနီရေအာရက္ခမိဖ ပြည်သူရို့အနီနန့် တိုက်ပွဲဧရိယာထဲကအတတ်နိုင်ဆုံးနန့်အယင်ဆုံးယှောင်တိမ်းကတ်ဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA က မေ၂၀ ရက်နိ ထုတ်ပြန်ချက်မာ ထပ်မံတိုက်တွန်းလိုက်ပါရေ။
တိုက်တွန်းဖော်ပြချက်အရ “အာရက္ခဒေသအပါအဝင် မြန်မာတပြည်လုံးအနှံ့တိုက်ပွဲတိမာ အယှုံးတိနန့် ဆက်တိုက်ရင်ဆိုင်နီရရေ စစ်ယှုံးစစ်ကောင်စီရေ တိုက်ပွဲတိအတွင်း ယှုံးမဲ့မဲ့ပနာ အရပ်သားပြည်သူလူထုနန့် အရပ်ဖက်ပစ်မှတ်တိကို အဓိကထားပနာ လီကြောင်း၊ရီကြောင်း၊လက်နက်ကြီးတိနန့် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်မှုတိပြုလုပ်လာနီရေအတွက် အာရက္ခမိဖပြည်သူတိအနီနန့် အဆိုပါပစ်ခတ်တိုက်ခိုက်မှုတိကို သတိထားကတ်ဖို့၊ တိုက်ပွဲတိကြားမာ ကြားညှပ်ပိတ်မိမလားစီဖို့နန့်စစ်ပွဲအန္တရာယ်ဇုန်အတွင်းက နီ ဖီးလွတ်ရာသို့ အတတ်နိုင်ဆုံးနန့်အယင်ဆုံးပြောင်းရွှိနီထိုင်ကတ်ဖို့ကိုထပ်မံတိုက်တွန်းလိုက်ပါကြောင်း” ဖော် ပြထားပါရေ။
ယင်းအပြင် ဘူးသီးတောင်၊မောင်တောနန့်သံတွဲဒေသရို့မာ တိုက်ပွဲတိဆက်လက်ပြင်း ထန်နီပြီး၊၎င်းမြို့နယ်အတွင်းဟိ နိုင်ငံတကာအဖွဲ့အစည်းတိအနီနန့်လေ့ လုံခြုံရီးအတွက် ဖီးလွတ်ရာသို့ကြိုတင်ရွှိပြောင်းထားကတ်ဖို့နန့် စစ်ပွဲအန္တရာယ်ဇုန်ကြားပိတ်မိနီခကေလေ့ မိမိရို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် /အာရက္ခတပ်တော်ဘားသို့ အချိန်မရွီးဆက်သွယ်အကူညီတောင်းခံနိုင်ကြောင်းလေ့ဆိုပါရေ။
မိမိရို့ အာရက္ခတပ်တော်စွာ စစ်တွေ၊ကျောက်ဖြူ အစဟိရေ မြို့ကြီးတိအပြင် ဘူးသီးတောင်၊ မောင်တောမြို့ တိက ပြည် သူလူထုရို့ကို တိုက်ပွဲမဖြစ်ပွားခင်ကပင် မိမိရို့ ထိန်းချုပ်ထားရေနယ်မြီ(သို့မဟုတ်) စစ်ပွဲတိကင်းလွတ်ရာနယ်မြီသို့ ခေတ္တယာယီ ပြောင်းရွှိနီထိုင်ကတ်ဖို့၊ ယင်းဒေသတိသို့ ပြောင်းရွှိလိုရေသူရို့ကိုလည်း ပြောင်းရွှိကယ်ထုတ်ပီးထားပြီးဖြစ်တေလို့ ဆိုပါရေ။
ယေပြီးကေ အကူညီလိုအပ်သောသူတချို့ကိုလည်းမိမိရို့အနီနန့် အတတ်နိုင်ဆုံးကူညီပီးထားခပြီးဖြစ်ပိုင် ဒေဂုထက်ထိလေ့ ကူညီကယ်ထုတ်ခြင်းတိကိုဆက်တိုက်လုပ်ဆောင်နီရေလို့ ဆိုပါရေ။
အာရက္ခတပ်တော်စွာ စစ်ကို စစ်နန့်တူအောင်တိုက်ပြီး စစ်ပွဲနန့် မသက်ဆိုင်ရေ အရပ်သားပစ်မှတ်များကို ဇာခါလေ့သင့် တိုက်ခိုက်လိ မဟိရေအဖွဲ့အစည်းဖြစ်ပြီး၊ တိုက်ပွဲ ဖြစ်ပွား ရာဒေသအတွင်း လူမျိုးမရွီး၊ ဘာသာမရွီးဒေသခံပြည်သူလူထုတိကို စစ်ပွဲကင်းလွတ်ရာနယ်မြီတိသို့ အရေးပေါ်ကူညီကယ်ထုတ်ပြီးကေ ပြည်သူလူထုရို့၏ လိုအပ်ချက်အပေါ်မူတည်၍ အချိန်နန့်တပြီးညီ ကူညီဆောင်ရွက်လျက်ဟိကြောင်းလည်း ထုတ်ပြန်ချက် ဖော်ပြထားပါရေ။
