APM ၊ ဧပြီ ၂၁/၂၀၂၃
လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နန့်ပတ်သက်၍ လျှောက် လဲချက်အတွက်ပြင်ဆင်ရန် မြန်မာကို နိုင်ငံတကာတရား ရုံး ICJမှ အချိန် ၁ လထပ်တိုးပီးလိုက်ကြောင်းသိရသည်။
မြန်မာဖက်က ICJ ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်နိအထိ ပြင်ဆင်ချိန် ၁၀လ တောင်းဆိုခကေလေ့ ICJ က မေလ ၂၄ ရက်အထိ ၁ လရာ ခွင့်ပြုခသည်။
အချိန်ထပ်တိုးတောင်းခံခြင်းနန့်ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက “ကျနော်ရို့အနီနန့် ထပ်ပြော စရာ၊ ဖြည့်စွက်စရာတိဟိရေ။ ပိုမိုခိုင်မာအောင် လုပ်စရာတိလေ့ဟိရေ။ယေဇူးနန့် အချိန်ရွှိဆိုင်းပီးဖို့ ပြော ခရေ။ဒေချင့်နန့် ပတ်သက်လို့ အချိန် ၁ လ ဆိုင်းပီးခရေ”ဟု VOA သတင်းဌာနသို့ ပြောကြားထားသည်။
၂၀၁၆-၂၀၁၇ အတွင်း မြန်မာစစ်တပ်က မူဆလင်များအပေါ် ပြုမူခသည့်လုပ်ရပ်မှာ လူမျိုးတုံးသတ်ဖြတ်မှု မြောက်/ မမြောက် ဂမ်ဘီယာက ICJ၌ တိုင်တန်းထားခြင်းဖြစ်သည်။
Photo – VOA