
APM ၊ ဧပြီ ၂၁ / ၂၀၂၃
မြန်မာပြည်တွင် The Voice ဂျာနယ်၏ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကို ပုဒ်မ ၅၀၅(က)နန့်အမှုဖွင့်လိုက်သည်ဟု သိရသည်။
ဦးကျော်မင်းဆွေကို ဧပြီ ၁၂ ရက်နိကဖမ်းဆီးကာ ရန်ကုန်မြို့အောင်သပြီစစ်ကြောရီးတွင် ချုပ်နှောင်စစ်ကြောခပြီး ၁၀ ရက်အကြာ ဧပြီ ၂၀ ရက်နိမှာ ပုဒ်မ ၅၀၅(က) တပ်၍ ၎င်းအား စမ်းချောင်းမြို့နယ် ရဲစခန်းသို့ လွှဲပြောင်း လိုက်ကြောင်း သိရသည်။
ဦးကျော်မင်းဆွေအား ဖမ်းဆီးရခြင်းမှာ ပဇီကြီးကျေးရွာ တိုက်ခိုက်မှု အပေါ် ဝမ်းနည်းကြောင်း လူမှုကွန်ရက်၌ ရွီးသား ဖော်ပြခသောကြောင့်ဟု သိရသည်။
Photo – Original Uploader

Please follow and like us: