
APM ၊ ဧပြီ ၂၁ / ၂၀၂၃
ထိုင်းနိုင်ငံတွင် ဒေနိ ဧပြီ ၂၁ ရက်နိ၌ အပူချိန် အမြင့်ဆုံး ၅၄ ဒီဂရီစင်တီဂရိတ်အထိ မြင့်မားလာနိုင်၍ ကျန်းမာရီးအတွက် အထူး သတိပီးချက်တရပ်ကိုထိုင်းမိုး/ဇလဌာနက ထုတ် ပြန်ထားသည်။
ထိုင်း၌ အပူချိန် ၅၄ ဒီဂရီစင်တီဂရိတ်ထိ မြင့်မားလာနိုင်သည့် ဒေသများမှာ အရှိပိုင်း ချွန်းပူးရီးခရိုင် လဲမ်ချဘန်း မြို့နယ်၊အနောက်မြောက်ပိုင်း ကန်ချနပူရီခရိုင် ထောင်းဖာဖူးမြို့ နယ်၊အလယ်ပိုင်း ဘန်ကောက်ခရိုင် ဘန်းနား ဒေသ၊တောင်ပိုင်း၊ ဖူးခက်ခရိုင် ဖူးကစ်မြို့ရို့ဖြစ်ကတ် သည်။
ယင်းပြင် ထိုင်းမြောက်ပိုင်း ဖစ်ချ်ဘွန်းခရိုင်မှာ ၄၈ ဒသမ ၁ ဒီဂရီစင်တီဂရိတ်၊အရှိမြောက်ပိုင်း မဟာဆာရခန်းခရိုင် ကိုးဆုမ် ဖိဆိုင်မြို့နယ်မှာ ၄၄ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ထိ ဟိနိုင်ဟု ခန့်မှန်းထားသည်။
အပူချိန်ကို ၄၁ မှ ၅၃ ဒီဂရီစင်တီဂရိတ်ထိဒေသများကိုကျန်းမာရီးအတွက် အန္တရာယ်ဟိဒေသအဖြစ်သတ်မှတ်ပြီး၊ ၎င်းဒေသ များသည်စိုးရိမ်မှတ်ထက် ကျော်လွန်နီသဖြင့် အများပြည်သူများ ပူပြင်းမှုအန္တရာယ် Heat Index/Heat Stroke ဖြစ်ခြင်း၊ အပူလျှပ်ခြင်း၊ ကြွက်တက်ခြင်း၊ ရုတ်တရက်မူးမိလဲကျခြင်း၊သတိလစ်ခြင်း စသည်ရို့ကို အထူး သတိပြုကာကွယ်ကတ် ရန်မိုး/ဇလကအသိပီးထား သည်။
ယင်းနောက် နီပူထဲမထွက်ကတ်ဖို့၊ မွန်းကျပ်သည့်နီရာကိုယှောင်ဖို့၊ အပြင်ထွက်ပါက ထီး၊ ဦးထုပ် စသည့် အကာ အရံများဆောင်းထားဖို့၊ နီပူထဲမှာ အချိုရည်၊ လစ်ပို၊ အား ဖြည့်အချိုရည်၊ ဘီယာ၊ ဝိုင် မသောက်ကတ်ဖို့၊ မိမိခန္ဓာ ကိုယ်ထဲ ရီဓာတ်ခမ်းခြောက်မှု မဟိအောင် သတိထားဖို့၊ရီကိုမကြာမကြာသောက်ပီးဖို့၊ အနီးအပါးမှာ အရေးပေါ် လူနာဟိပါက အချိန်မီကယ်ဆယ်နိုင်ဖို့အတွက် ၁၆၆၉ အပါအဝင် အရေးပေါ်ဖုန်းနံပါတ်များ ဆောင်ထားကတ်ဖို့
သတိပီးထားသည်။
ထိုင်းမှာ အဂုပိုင် အပူချိန်ပြင်းထန်မှုနန့်တတူလာမည့် ဧပြီ ၂၄ မှ ၂၇ ရက်နိအတွင်း အပူပိုင်းမုန်တိုင်း ကိုသတိ ထားရ မှာဖြစ်ပြီး၊ အထူးသဖြင့် ထိုင်းအရှိမြောက်ပိုင်း ဒေသမှ စတင်၍ ရာသီဥတုဖောက်ပြန်ကာ မိုးသက်လီပြင်း ကျရောက် လာနိုင်ကြောင်းလေ့ ထိုင်းနိုင်ငံ မိုး/ဇလက သတိပီးထားပါသည်။
Ref ; Thailand’s Phuket, Bangna and Laem Chabang to experience heat index above 54 degrees Celsius
Photo – The Malaysian Reserve
