APM ၊ ဧပြီ ၂၁ / ၂၀၂၃
အမ်းမြို့နယ်၊ ကျားအိုးချောင်း ကမ်းပါးတွင် လက်ဟိအချိန်ထိ ဂုံးကောင်ရေ အများအပြား အစုလိုက် အပြုံလိုက် သီဆုံးမှု ဖြစ်ပေါ်နီကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။
ယင်း ဂုံး များ သီဆုံးနိမှုကို ပြီးခသည့်မာ့ချ်လမှစ၍ စတင်တွိဟိနီရခြင်းဖြစ်ပြီး လက်ဟိ၌ တစတစများပြားလား သည်ဟု ဆိုသည်။
ဂုံးများ အစုလိုက်အပြုံလိုက် သီဆုံးမှုကိုတွိရပြီးနောက်ပိုင်း မြစ်ချောင်းများအတွင်း၌လေ့ ငါး၊ ပုစွန်၊ ကဏန်းများ ရှာမရဘဲ အယင်ကထက် သိသိသာသာလျော့နည်းလားကာ ရီလုပ်ငန်းလုပ်ကိုင်သူများစားဝတ်နီရီးကို ထိခိုက်နီ ကတ် ရသည်။
ယင်းသို့ ဂုံးများ သီဆုံးမှုဖြစ်ပွားရခြင်းမှာ ပုံမှန်အားဖြင့် ရီထုညစ်ညမ်းခြင်း၊ ရာသီဥတုဖောက် ပြန်ပြောင်းလဲခြင်း များဖြစ် ပေါ်လျှင် တွိရတတ်သည်။
ကုန်ခသည့် ၂၀၁၈ ခုနှစ်ကလေ့ ကျောက်ဖြူမြို့နယ်၊ မဒေကျွန်းအနားဟိ သံဇစ်မြစ်တွင် ရီထုညစ်ညမ်းမှု ဖြစ်ခ ဖူးပြီး ဂုံးကောင်ရေ အများအပြား သီဆုံးမှုဖြစ်ပေါ်ခသိမ့်ကြောင်း သိဟိရပါသည်။
Photo – DMG