APM ၊ ဧပြီ ၂၁ / ၂၀၂၃
မြန်မာ့အရေးနန့်ပတ်သက်၍ စားပွဲဝိုင်းတွိဆုံဆွေးနွေးပွဲတရပ်ကို အိန္ဒိယနိုင်ငံ၊နယူးဒေလီ၌ လာမည့် ဧပြီ ၂၄ ရက်မှ၂၆ ရက်နိအထိကျင်းပဖို့ဟိကြောင်းအဆင့်မြင့်သတင်း ရင်းမြစ်က ဆိုသည်။
ဒေတွိဆုံမှုသည် ကုန်ခသည့်မာ့ချ်လက ဘန်ကောက် မြို့ ၌ ကျင်းပခသောပထမအကြိမ် “Track 1.5”စားပွဲဝိုင်းအ စည်းအဝေးကျင်းပပြီးနောက်ပိုင်း ဒုတိယအကြိမ်မြောက် “Track 1.5” ဆွေးနွေးပွဲကို အိန္ဒိယက အိမ်သျှင်အဖြစ် လက်ခံကျင်းပခြင်း ဖြစ်သည်။
မြန်မာ့အရေးပြဿနာကို အဖြေရှာနိုင်ဖို့ ဒုတိယအကြိမ်မြောက်ကျင်းပမည့် “Track 1.5” ဆွေးနွေးပွဲ၌ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ thinktanksအဖွဲ့များမှကိုယ်စားလှယ်များ၊အစိုးရအဖွဲ့တာဝန်ဟိသူများ၊မြန်မာ့အိမ်နီးချင်းနိုင်ငံ များ၏အစိုးရအဖွဲ့ တာဝန်ဟိသူများ ပါဝင်ဖွယ်ဟိသည်။
ယင်းအပြင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူခသည့် ကမ္ဘောဒီးယား၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန် ယူနီသော အင်ဒိုနီးသျှားနိုင်ငံရို့က ကိုယ်စားလှယ်များလေ့ ပါဝင်ဖွယ်ဟိပြီး၊အလှူသျှင်နိုင်ငံဖြစ်သည့် ဂျပန်နိုင်ငံကိုလည်း ဖိတ်ကြားဖွယ်ဟိသည်။
အလားတူ သုံးရက်ကြာကျင်းပမည့် ဆွေးနွေးပွဲအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပီးရီး အဖွဲ့အစည်းများ၊ ဒေသအတွင်း မြန်မာ့အရေးကျွမ်းကျင်သူများ ပါ ဝင်မည်ဟုလေ့ သိရသည်။
Track 1.5 ဆိုသည်မှာအစိုးရအဖွဲ့တာဝန်ဟိသူများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ကျွမ်းကျင်သူများနန့် ဖိတ်ကြား ထားသူများ ပါဝင်ပြီး စားပွဲတခုတည်း၌ တတူထိုင်ကာ တွိဆုံ ဆွေးနွေးခြင်းဖြစ်ပြီး စားပွဲဝိုင်းမှ ညှိနှိုင်းမှုရလဒ်များကို အကြီး တန်းအရာဟိများက ဆက်လက်လုပ်ဆောင်ရန် မျှော်မှန်းထားကတ်သည်။
Source – India to host the second Track 1.5 roundtable on Myanmar
Photo -The PBS World