
APM ၊ မာ့ချ် ၂၁/၂၀၂၄
မာန်အောင်မြို့နယ်မာရက္ခိုင့်တပ်တော်ကိုတိုက်ဖို့အကြမ်းဖက်စစ်ကောင်စီတောင်းထားရေ စစ်မှုထမ်းဖို့လူမပီးနိုင်ဆိုပနာ ရပ်ကျေးအုပ်ချုပ်ရီးမှူးတိ ဒေရက်ပိုင်းအတွင်း နှုတ်ထွက်နီကတ်တေလို့ သိရပါရေ။
မာန်အောင်မြို့နယ်မာ မြို့ထက်ရပ်ကွက် ၅ ခုနန့် ကျေးရွာ အုပ်စု ၃၆ အုပ်စုဟိပြီးကေ အုပ်စုတစုကို စစ်မှုထမ်းဖို့ လူ ၇ယောက်စီပီးရဖို့လို့အကြမ်းဖက်စစ်ကောင်စီက အတင်း ဓမ္မ တောင်းထားစွာ ဖြစ်ပါရေ။
အဆိုပါစစ်မှုထမ်းဖို့ လူစာရင်းကို ပြီးခရေ မာ့ချ် ၁၆ ရက် နိမာ အပြီးသတ်စာရင်းတင်သွင်းရဖို့လို့ မာန်အောင်မြို့
နယ် စီမံဗိုလ်မှူးက ရပ်ကျေးအုပ်ချုပ်ရီးမှူးတိကို အတင်း အကျပ် ဖိအားပီး ခိုင်းစီထားကေလေ့ ယင်းစာရင်းကို မပီးနိုင်ဆိုပနာ အဂုပိုင်နှုတ်ထွက်နီကတ်တေလို့ ဒေသခံရပ်ကျေးအုပ်ချုပ်ရီးမှူးတယောက်က ပြောပါရေ။
ကုန်ခရေ မာ့ချ် ၁၈ ရက်နိကလည်း အကြမ်းဖက်စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် သံတွဲမြို့နယ်က အတွင်း ရပ်ကျေးအုပ်စုအုပ်ချုပ်ရီးမှူးတိ စုပေါင်းပနာ ခရိုင်ထွေအုပ်ရုံးမာ နှုတ်ထွက်တင်ထား ကတ်သိမ့်ပါရေ။
အကြမ်းဖက်စစ်ကောင်စီတပ်စွာ စစ်အင်အားပြုန်းတီးမှုကို အစားထိုးဖိုနန့်ရက္ခိုင့်တပ်တော်ကို တန်ပြန်တိုက်ခိုက်နိုင်ဖို့ ရက္ခိုင်ပြည်တောင်ဖက်ဒေသနန့်မူဆလင်အသိုင်း အဝိုင်းတိကိုပါ ပြည်သူ့စစ်နန့်စစ်မှုထမ်းတိ အင်တိုက် အားတိုက် စုဆောင်း ပနာ စစ်သင်တန်းတိတက်ခိုင်းနီရေလို့လည်း သိဟိရပါရေ။
