APM ၊ မာ့ချ် ၂၁ / ၂၀၂၄
ဒေနိမာ့ချ် ၂၁ ရက်နိ၊ မိုးထ ၈ နာရီကျော်လောက်က မြောက်ဦးမြို့နယ်မာ အကြမ်းဖက်စစ်ကောင်စီ၏ လီကြောင်း အသုံးပြု ပစ်ခတ် တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅ ယောက်သီဆုံးလားပြီးကေ၊ ၇ ယောက်ထက်မနည်း ဒဏ်ရာရလားရေလို့ သိပါရေ။
သီဆုံး၊ ဒဏ်ရာရလား လူတိစွာ မြောက်ဦးမြို့နယ်၊ အထက်လီညှင်းတောင်ရွာ ရွာသူ၊ ရွာသားတိဖြစ်ကတ်ပြီးကေ အချေသူငယ်အများစုပါဝင်ရေလို့ ဆိုပါရေ။
ဒေနိမိုးထ ၈ နာရီ၊ မိနစ် ၂၀ လောက်မာ အကြမ်းဖက်စစ်ကောင်စီ၏ ဂျက်ဖိုက်တာတစီးကနီ အထက်လီညှင်းတောင်ရွာထဲကို ဗုံးတလုံး ကြဲချခပါရေ။
ယင်းဗုံးသီးပေါက်ကွဲမှုကြောင့် အချေသူငယ်အများစုအပါအဝင် ရွာသူ၊ ရွာသား ၅ ယောက် နီရာမာပင် ဂွင်ချင်းသီဆုံးလားရေလို့ ရွာသားတိကပြောပါရေ။
ယင်းအပြင် နောက်ထက် ရွာသူ၊ရွာသား ၇ ယောက်ထက်မနည်းလည်း ဒဏ်ရာရလားပြီးကေ၊ ယင်းအထဲမာ ၂ ယောက်စွာ ဒဏ်ရာပြင်းထန် (စိုးရိမ်ရ) ရေလို့ ဆိုပါရေ။
အလားတူ နီအိမ် ၃ ဆောင်ထက်မနည်းလည်း ပြိုပျက်လားရကြောင်း သိဟိရပါရေ။
အသေးစိတ်အချက်အလက်ကို ဆက်လက် စုံစမ်းနီပါရေ။