APM ၊ မာ့ချ် ၂၁ / ၂၀၂၃
မာ့ချ် ၂၀ ရက် နိက လီပြင်းတိုက်မှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းတောင်စစ်ဖီးယှောင်စခန်းတွင် စစ်ဖီးယှောင်များနီထိုင်သည့် နီအိမ် ၁၅ လုံးမှာ ပြိုကျ ပျက်စီးလားခကြောင်း သိရသည်။
အဆိုပါ ပျက်စီးလားသည့် နီအိမ်များမှာ ဦးလှဘော်စိန်၊ဦးဦးလှမောင်၊ ဦးကျော်မြင့်၊ဒေါ်ဆန်းဆန်းယဉ်၊ ဦးစိုးတိန်မောင်၊ဦးထွန်းလှိုင်၊ဦးအောင်သိန်းလှ၊ဦးမောင်ညိုလှ၊ဦးဘိုဟန်သာ၊ဦးဦးလှမောင်၊ဒေါ်ဟန်ယဉ်စိန်၊ဦးဘိုသိန်း၊ဦးဝေလှအောင်၊ ဦးကျော်ကျော် စသည်ရို့နီထိုင်သည့် အိမ် ၁၅ လုံး ဖြစ်သည်။
“ညဇာ ၄ နာရီလောက်ကစလို့ လီတိုက်စွာပါ။မိုးစကေ ရွာပါရေ။လီက ပြင်းရေခါ အိမ် ၁၅ လုံးစွာ လီဒဏ်ကိုမခံနိုင်ဘဲ ပြိုကျလားခပါရေ”ဟုစစ်ဖီးယှောင် တယောက်က APM ကို ပြောသည်။
ကနဦးကပင် အဆိုပါစခန်းမှ နီအိမ်များမှာ ယာယီ ဆောက်လုပ်ထားခြင်းဖြစ်ပြီး၊ ဒေဂုခါ ယိုယွင်းပျက်စီးနီလို့ လာဖို့ မိုးရာသီ စစ်ဖီးယှောင်များဆက်လက်နီထိုင်ဖို့အတွက်အဆောင်သစ်များဆောက်လုပ်ရန် အရေးတကြီးလိုအပ်နီသည်ဟု စစ်ဖီးယှောင်များက ဆိုသည်။
လက်ဟိ အဆောင်များဆောက်လုပ်ရာတွင်လိုအပ်သည့် သစ်များကို စစ်ဖီးယှောင်များ ကိုယ်တိုင်လားခွတ်မည် ဆိုပါကလေ့မြန်မာစစ်တပ်မှ ထောင်ထားသည့် မိုင်းအန္တရာယ်ကို ကြောက်လန့်စိုးရိမ်နီကတ်ရသည်။
အဆိုပါဂဏန်းတောင်စစ်ဖီးယှောင်စခန်းတွင် လူဦးရေ ၇၇၈ ယောက်၊ အိမ်ထောင် စု ၁၇၈ စု၊ လူနီအိမ် ၁၇၈ လုံးဟိ ပြီး အဆောင်များကို ဝါးများ၊တာပေါ်လင်စများနန့်ရာဆောက်ထားသည်။