APM ၊ မာ့ချ် ၂၁ / ၂၀၂၃
မြန်မာပြည်တွင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ လူအခွင့်အရီးချိုးဖောက်မှုများ မြင့်တက်လာနီပြီး၊ လိင်ပိုင်းဆိုင်ရာအကြမ်း ဖက်ခြိမ်းခြောက်မှုများဆက်လက်ဖြစ်ပွားနီသောကြောင့်မြန်မာစစ်အစိုးရအားပြင်းပြင်းထန်ထန် အရေးယူရန် ကုလအထူးကိုယ်စားလှယ် Thomas Andrews က နိုင်ငံတကာအသိုင်းအဝိုင်းသို့ တောင်းဆိုလိုက်သည်။
မာ့ချ် ၂၀ ရက်နိက ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ဟိ ကုလသမဂ္ဂလူ့အခွင့်အရီးကောင်စီ၌ ကျင်းပသည့် မြန်မာပြည်ဆိုင်ရာ ဆွေးနွေးပွဲတခုတွင် Andrews က ယင်းသို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာနိုင်ငံတွင် အရပ်သား ၃၀၀၀ ကျော်သီဆုံးခရပြီး၊ ၁.၃ သန်း အိုးမဲ့အိမ်မဲ့ဖြစ်ခရကာ နိုင်ငံရီးအကျဉ်းသား ၁၆၀၀၀ ဟိကြောင်း ကုလသမဂ္ဂ၏ မြန်မာပြည်ဆိုင်ရာအထူးကိုယ် စားလှယ်က ပြော သည်။
မြန်မာပြည်သူ ၁၇.၆ သန်းခန့်မှာ လူသားချင်းစာနာထောက်ထားမှုအကူအညီများလိုအပ်လျက်ဟိနီပြီး၊အိမ်ခြီ ၅၈၀၀၀ နန့် အခြားအခြီခံအဆောက်အအုံများလေ့ လိုအပ်နီသည်ဟု သူက ဆိုသည်။
အလားတူ စစ်တပ်သည် ကျောင်းများ၊ ဆီးရုံများနန့် စစ်ဖီးယှောင် စခန်းများကိုလေ့ လီကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်လုပ် ဆောင်လျက်ဟိကြောင်း ကုလအထူးကိုယ်စားလှယ်က ပြောသည်။
စစ်ရာဇဝတ်မှုများကျူးလွန်ရာ၌ အသုံးပြုသည့် စစ်လက်နက်များ၊ စက်ပစ္စည်းကိ ရိယာများ၊ ငွေများဆက်လက် ထောက်ပံ့နီသည့် နိုင်ငံတချို့ကိုလေ့ Thomas Andrews ကရှုတ်ချလိုက်သည်။
ထို့ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနီဖြင့် မြန်မာစစ်အစိုးရကို ကမ္ဘာလုံးအတိုင်းအတာနန့် ပြင်းပြင်းထန်ထန် အရေးယူရန် တိုက်တွန်းတောင်းဆိုသည်။
Source – Over 3,000 civilians killed in Myanmar in 2 years under military junta: UN
Photo – AFP