
APM ၊ မာ့ချ် ၂၁ / ၂၀၂၃
မြန်မာစစ်တပ်ကဖမ်းဆီးပြီးနောက် မြန်မာပြည်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(က)၊ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)စသည့် ပုဒ်မ ၂ ခုနန့် တရားစွဲခံထားရသည့် မြောက်ဦးဒေသခံ ၃ ယောက်အမှုကို ဒေနိ(မာ့ချ် ၂၁ ရက်နိ) တွင်မြောက်ဦးမြို့နယ်တရားရုံး၌ ရုံးထုတ်ပြီး ၅၀၅(က)အမှုအတွက် လိုပြသက်သီတယောက် ကို စစ်ဆီးခကြောင်း သိရသည်။
အဆိုပါ ပုဒ်မ ၂ ခုနန့် တရားစွဲခံထားရသူများမှာမြောက်ဦးမြို့၊ကျောက်ရစ်ကေရပ်ကွက်မှ ဦးကျော်ဝင်းလှိုင်၊ဗန္ဓုလရပ်ကွက်မှ ဦးကိုကိုညွန့်နန့် တိမ်ညိုကျေးရွာမှ ဦးပြည့်စုံဝင်းရို့ ဖြစ်ကတ်သည်။
သူရို့ ၃ ယောက်ကို ဒေနိတွင် မြောက်ဦးမြို့နယ်တရားရုံး၌ ရုံးထုတ်ခပြီး ၅၀၅(က)အမှုအတွက် နောက်ဆုံးကျန်နီသည့် လိုပြသက်သီတယောက်ကို စစ်ဆီးခကာ လာမည့်မာ့ချ် ၂၈ ရက်နိသို့ ထပ်မံရုံးချိန်းလိုက်သည်။
လာမည့် မာ့ချ် ၂၈ ရက်နိ ရုံးချိန်းမှာတော့ ၁၇(၁) အမှုအတွက် စစ်ဆီးရန်ကျန်နီသိမ့်သည့် လိုပြသက်သီ ၄ ယောက်ကို စစ်ဆီးမည်ဖြစ်ကာ အမှုနှစ်ခုလုံး၌ လိုပြသက်သီများကို စစ်ဆီးပြီးမှ နှစ်ဖက်ရှိနီများ လျှောက်လဲချက် ကြားနာမည်ဟု ဆိုသည်။
ဦးကျော်ဝင်းလှိုင်၊ ဦးကိုကိုညွန့်နန့် ဦးပြည့်စုံဝင်းရို့ကို ကုန်ခသည့် ၂၀၂၂ ခုနှစ် ဂျုန် ၂၂ ရက်နိတွင် မြန်မာစစ်တပ်မှ ဖမ်းယူလားခသည်။
ယင်းနောက် သူရို့ ၃ ယောက်ကို စရဖတပ်ဖွဲ့မှ ဗိုလ်ကြီး ကျော်ကျော်မင်းက တရားလိုလုပ်ကာ မြောက်ဦးမြို့နယ် တရား ရုံး၌ ပုဒ်မ ၅၀၅(က)၊ ၁၇ (၁)ရို့နန့်တရားစွဲဆိုထားခြင်း ဖြစ်သည်။
လက်ဟိတွင် ၎င်းရို့ ၃ ယောက်စလုံးကို မြောက်ဦးမြို့မရဲစခန်း၌ ထိန်းသိမ်းချုပ်နှောင်ထားကြောင်း သိရသည်။
