
APM ၊ မာ့ချ် ၂၁ / ၂၀၂၃
မြေပုံမြို့နယ်၊ ကမ်းထောင်းကြီး စစ်ဖီးယှောင်စခန်းဟိ မသန်စွမ်းသူများတွင် ဆီးကုသရန် ငွေကြေးအထောက်အပံ့ များနန့် စားနပ်ရိက္ခာအပါအဝင် တခြားအထောက်အပံ့အကူအညီများ အရေးတကြီးလိုအပ်နီကြောင်း သိရသည်။
ယင်းကမ်းထောင်းကြီး စစ်ဖီးယှောင်စခန်း၌ စကားမပြောတတ်သူ၊ လက်ကျိုးနီသူ၊ ခြီပြတ်နီသူများ၊ မျက်မမြင်များနန့် စိတ် ဝေဒနာသျှင်များ စသဖြင့် မသန်စွမ်းသူ ၃၅ ဦးအထိဟိပြီး အများစုမှာ အိမ်ထောင်ဦးစီးများဖြစ်ကတ်သည်။
ယင်းသို့ အိမ်ထောင်ဦးစီးများ အလုပ်လုပ်ရန်အဆင်မပြေသည့်အတွက် ၎င်းရို့ကို မှိခိုနီရသည့် မိသားစုဝင်များမှာ အခက် အခဲ ဖြစ်နီကတ်ရသည့်အပြင် ကုန်ဈီးနှုန်းများမှာလေ့ ထိုးတက်နီရာ စားဝတ်နီရီးလုံးဝအဆင်မပြေဖြစ် နီကတ်ရကြောင်း စစ်ဖီးယှောင်များက ပြောသည်။
ယင်းအပြင် အဆိုပါ စစ်ဖီးယှောင်စခန်း၌ပြည်တွင်း၊ ပြည်ပ လူမှုကယ်ဆယ်ရီးအဖွဲ့အစည်းများ၏ အကူအညီများမရ သည်မှာလေ့ ကြာမြင့်နီယာဖြစ်သည့်အတွက် စားနပ်ရိက္ခာများပြတ်လပ်နီကာ အလှူသျှင်များ လိုအပ်နီသည်ဟု ဆိုသည်။
ယင်းကမ်းထောင်းကြီး စစ်ဖီးယှောင်စခန်းတွင် အိမ်ထောင်စု စုစုပေါင်း ၂၂၂ စုနန့် လူဦးရေ စုစုပေါင်း ၈၇၅ ဦးဟိကာ အများစုမှာ အမ်းမြို့နယ် ဒါးလက်ချောင်းဒေသမှဖြစ်ပြီး ကျေးရွာအနီးအနား၌ မြန်မာစစ်တပ်ကတပ်စွဲထားခြင်း၊ စစ်ကျန်လက်နက် အန္တရာယ် စိုးရိမ်ရခြင်းများကြောင့် လက်ဟိအချိန်ထိ နီရပ်မပြန်နိုင်သိမ့်ကြောင်း သိဟိရပါသည်။
