APM ၊ မာ့ချ် ၂၁ / ၂၀၂၃
အဆိုးရွားဆုံးဘဏ္ဍာရီးအကျပ်အတည်းနန့်ရင်ဆိုင်နီရသည့် သီရိလင်္ကာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံ ထောက်ပံ့မှုကို မာ့ချ် ၂၀ ရက်နိက အတည်ပြုလိုက်ကြောင်း သီရိလင်္ကာသမ္မတက ဆိုသည်။
IMF က ရန်ပုံငွေများ ထုတ်ပီးရန် ယှင်းလင်းပြောကြားထားပြီး၊ နိုင်ငံ၏စီးပွားရီးကို မြှင့်တင်ရန် ဒီဇိုင်းထုတ်ထားသည့် လေးနှစ်စီမံကိန်းစတင်မည့် ချီးငွေအပေါ် လက်မှတ်ရွီးထိုးခသည်။
IMF အနီနန့် ဒေါ်လာ ၃၃၃ သန်းကို ချက်ချင်းထုတ်ပီးမည်ဖြစ်ပြီး၊ဆယ်စုနှစ်အတွင်း ရင်ဆိုင်နီရသည့်အဆိုးရွားဆုံး ဘဏ္ဍာရီးအကျပ်အတည်းမှ သီရိလင်္ကာလွတ်မြောက်စီရန် အခြားသော မိတ်ဖက်အဖွဲ့အစည်းများထံမှ ငွေကြေးထောက်ပံ့မှုကို ရဟိအောင်လေ့ တွန်းအားပီးလားမည်ဟု ဆိုသည်။
သီရိလင်္ကာနိုင်ငံသည် ကုန်ခသည်နှစ်အစပိုင်း၌ ကိုဗစ်ကပ်ရောဂါဆိုင်ရာ အကျိုးသက်ရောက်မှုအပါအဝင် စီးပွားရီးဆိုင်ရာ စီမံခန့်ခွဲမှုအမှားအယွင်းများကြောင့် နိုင်ငံအတွက် မဟိမဖြစ် လိုအပ်သည့်သွင်းကုန်ဝယ်ယူမည့် ငွေကြေးများ ပြတ်တောက်လားခရသည်။
Source – ALJAZEERA
Photo – BNN