APM ၊ မာ့ချ် ၂၁ / ၂၀၂၃
ကျောက်ဖြူတွင် ဒေနိ ( မာ့ချ် ၂၁ ရက်နိ) မိုးထ၌ ဖောင်သာအသစ်ဆောက်ရာ၌ မြီတွင်းထဲဆင်းလုပ်ရာမှ အောက်စီဂျင်ပြတ် တောက်လားကာ ဒေသခံတယောက် သီဆုံးလားကြောင်း သိရသည်။
သီဆုံးလားသူမှာ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံရွာမှ ဦးချစ်လွင် (၄၅ နှစ်)ဖြစ်သည်။
ဦးချစ်လွင်သည် ဒေနိ မိုးထ ၉ နာရီကျော်ခန့်၌ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်ဟိ ဦးကျော်ဝင်း၏ နီအိမ်၌ ဖောင်သာတွင်းအသစ် ပြုလုပ်ရာတွင် ကွန်ကရစ်အဖုံးကိုထောက်ထားသည့် သစ်သားထောက်တိုင်များကို ဖြုတ်ယူရန် တွင်းထဲသို့ဆင်းစဉ် အောက်ဆီဂျင်ပြတ်တောက်ကာ သတိမိလားခသည်။
ယင်းသို့ သတိမိလားသည့်အတွက် အလုပ်အတူတူလုပ်နီသူ ၃ ယောက်က ဖောင်သာတွင်းသို့ဆင်းပြီးဆယ်ယူခရာ ယင်း ၃ ယောက်မှာလေ့ တွင်းထက်ပြန်အရောက်၌ သတိမိလားခသိမ့်သည်။
ယင်းအထဲ ကျန်လူများမှာ သက်သာလားပြီး ဦးချစ်လွင်ကတော့ သတိပြန်မရလာ၍ကျောက်ဖြူ ဆီးရုံကြီးသို့ ပို့ဆောင်စဉ်လမ်း၌ သီဆုံးလားခခြင်းဖြစ်ကြောင်း သိရသည်။
Photo – လေးဝတီကုလရက္ခိတပရဟိတအသင်း