APM ၊ မာ့ချ် ၂၁ / ၂၀၂၃
ဘောလုံးကွင်းထဲကျူးကျော် ဝင်ရောက်ပြီး ဂိုးသမားကို ကိုယ်ထိလက်ရောက် ထိုးနှက်ခသည့် ပရိသတ်တယောက်ကို နယ်သာလန်ကလပ် ပီအက်စ်ဗွီ အိုင်ဟိုဗန်က နှစ်ပေါင်း ၄၀ ကွင်းဝင်ခွင့် ပိတ်ပင်လိုက်သည်။
ကုန်ခသည့် ဖေဖော်ဝါရီ လကုန်ပိုင်းက ကဇတ်ခသည့် ယူရိုပါလိဂ် ပွဲစဉ်မှာ စပိန်ကလပ် ဆီဗီးလား အသင်းနန့် ပီအက်စ်ဗွီအသင်းရို့ ကဇတ်နီစဉ် အသက် ၂၀ အရွယ် လူငယ်တယောက်သည် ကွင်းထဲထိ ဝင်ရောက်ပြီး ဆီဗီးလား ဂိုးသမား ဒီမစ်ထရိုဗစ်၏ မျက်နှာကို လက်သီးနန့် ထိုးခခြင်းဖြစ်သည်။
သူ၏လုပ်ရပ်က ပြစ်မှုထင်ရှားခြင်းကြောင့် နယ်သာလန် အမျိုးသား အားကဇတ်ရုံကြီးထဲကို ဝင်ရောက်ခွင့် ပိတ်ပင်ခံထားရပြီး ထောင်ဒဏ် ၃ လ ပြစ်ဒဏ် ချမှတ်ခံရကာ ပီအက်စ်ဗွီအသင်းကလေ့ သူ့ကို ကွင်းထဲဝင်ရောက်ခွင့် နှစ် ပေါင်း ၄၀ ပိတ်ပင်လိုက်သည်။
ယင်းအပြင် တရားရုံးကလေ့ ယင်းလူငယ် အနီနန့် ပီအက်စ်ဗွီအသင်းပိုင် ဖိလစ်ဘောလုံးကွင်းကြီး တဝိုက်မှာ ၂ နှစ် ခြီမချဖို့ အမိန့်ထုတ်ထားသည်။
ဒီမစ်ထရိုဗစ်သည် ယင်းပွဲစဉ်မှာ ပွဲပြီးချိန်ထိ ဆက်ကဇတ်နိုင်ခကေလေ့ ဆီဗီးလားသည် ပီအက်စ်ဗွီကို ၂ ဂိုး ဂိုးမဟိ နန့် ယှုံးနိမ့်ခသည်။
ယူရိုပါလိဂ် ချန်ပီယံဆုကို (၆) ကြိမ်ထိ ဆွတ်ခူးထားသည့် စပိန်ကလပ် ဆီဗီလားအသင်းသည် လက်ဟိတွင် ကွာတားဖိုင်နယ် အဆင့်ကို ရောက်ဟိနီပြီး မန်ချက်စတာ ယူနိုက်တက်နန့် ကဇတ်ရမည်ဖြစ်သည်။
Source – PSV Eindhoven: Fan given 40-year stadium ban for attack on Sevilla goalkeeper Marko Dmitrovic
Photo – Reuters