APM ၊ မာ့ချ် ၂၁ /၂၀၂၃
မြန်မာပြည်သည် အာဆီယံအဖွဲ့ဝင်အဖြစ် ဆက်ဟိနီကြောင်း စင်္ကာပူနိုင်ငံခြားရီးဝန်ကြီးက မာ့ချ် ၂၀ ရက်နိတွင် ပြောကြားသည်။
မြန်မာကို အာဆီယံအဖွဲ့ဝင်အဖြစ်မှ ထုတ်ပစ်ရန် ပြောဆိုမှုများနန့်စပ်လျဉ်း၍ စင်္ကာပူအစိုးရ၏ သဘောထားကို စင်္ကာပူနိုင်ငံခြားရီးဝန်ကြီး Vivian Balakrishnan က ထုတ်ဖော်ပြော ဆိုခသည်။
“အာဆီယံ၏ လုပ်ငန်းစဉ်များအကောင်အထည်ဖော်နိုင်ရီးအတွက် မြန်မာကို အာဆီယံအဖွဲ့ထဲမှ ထုတ်ပစ်သင့် ကြောင်း” ဒေဂုလအစောပိုင်းကဖိလစ်ပိုင်သို့ရောက်ဟိနီသောမလေးသျှားဝန်ကြီးချုပ် Anwar Ibrahim ၏ ပြောကြားချက်အပေါ် စင်္ကာပူနိုင်ငံခြားရီးဝန်ကြီးက တုံ့ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။
အင်ဒိုနီးသျှားနိုင်ငံ၊ ဂျကာတာမြို့တွင်၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်နိက ကျင်းပခသည့် မြန်မာ့အရေး အာဆီယံထိပ်သီးအစည်း အဝေး၌ အာဆီယံဂေါင်းဆောင်များနန့် စစ်ကောင်စီဂေါင်းဆောင်ရို့အကြား ဘုံသဘောတူညီချက် ၅ ရပ်ကိုချမှတ်ခကေလေ့ အဆိုပါသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီဖက်က အဂုအချိန်အထိ တခုမှအကောင် အထည်ဖော်နိုင်ခြင်း မဟိသိမ့်ကြောင်း သိရသည်။
ယင်းသဘောတူညီချက် ၅ ရပ်မှာ အကြမ်းဖက်လုပ်ရပ်များ အားလုံးချက်ချင်းရပ်တန့်ရန်၊ လူထုအကျိုးစီးပွားအတွက် ငြိမ်းချမ်းသည့်အဖြေတခုရဟိရီး သက်ဆိုင်လူတိ အနီနန့်အပြုသဘောဆောင်ဆွေးနွေးရန်၊ ယင်းဆွေး နွေးညှိနှိုင်းမှု လုပ်ငန်းစဉ်ကို အာဆီယံဥက္ကဋ္ဌ၏ အထူးသံတမန်တဦးက ကမကထပြု ဖော်ဆောင်ရန်၊ အာဆီယံမှ လူသားချင်းစာနာမှု အကူအညီပီးရန်နန့် သက်ဆိုင်လူတိနန့် တွိဆုံဖို့ အထူးသံတမန်မြန်မာပြည်သို့ လားရောက်ရန် စသည်ရို့ ဖြစ်ကတ်သည်။
Photo – Today Omline