APM ၊ မာ့ချ် ၂၁ / ၂၀၂၃
နည်းပြဟောင်း ရွိုင်းဟော့ဆန်ကို ခရစ္စတယ်ပဲလေ့စ်အသင်း နည်းပြအဖြစ် ရာသီကုန်အထိ ပြန်လည်ခန့်အပ်လိုက်ကြောင်း သိရသည်။
ခရစ္စတယ်ပဲလေ့စ်အသင်းသည်ပြီးခသည့်အပတ်က နည်းပြ ပက်ထရစ်ဗီအဲရာကို ထုတ်ပယ်ခပြီးနောက် ၎င်းနီရာ၌ နည်းပြဟောင်းဖြစ်သူ ရွိုင်းဟော့ဆန်ကို ဒုတိယအကြိမ်စီမံခန့်ခွဲရန် ပြန်လည်ခန့်အပ်ခခြင်းဖြစ်သည်။
အသက် ၇၅ နှစ်အရွယ် ရွိုင်းဟော့ဆန်သည် ခရစ္စတယ်ပဲလေ့စ်အသင်းကို ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကိုင်တွယ်ခဖူးသူဖြစ်ပြီး ကုန်ခသည့်နွီရာသီက ဝက်စ်ဖို့ဒ်အသင်းနန့် လမ်းခွဲကာ အသင်းလက်မဲ့ဖြစ်နီသူ ဖြစ်သည်။
“ဒေကလပ်က ကျနော်အတွက် အဓိပ္ပာယ်ဟိရေ ကလပ်ပါ။ ကလပ်ကို ပြန်လာဖို့ တောင်းဆိုခွင့်ရစွာက ကျနော်အတွက် အ ခွင့်အရေးတခုပါ။ ကျနော်၏တခုတည်းသော ရည်ရွယ်ချက်က နိုင်ပွဲတိရယူဖို့ဖြစ်ပြီးကေ ပရီးမီးယားလိဂ်မှာ သေချာရေ ရမှတ်တိကို ရယူနိုင်ဖို့ဖြစ်ပါရေ” ဟု ရွိုင်းဟော့ဆန်က ဆိုသည်။
ခရစ္စတယ်ပဲလေ့စ်အသင်းသည် ဒေဂုရာသီ ပရီးမီးယားလိဂ်မှာ ရမှတ် ၂၇ မှတ်ဖြင့် အဆင့် ၁၂ နီရာတွင် ရပ်တည်နီ သည်။
Source – Roy Hodgson appointed Crystal Palace manager until the end of the season
Photo – Crystal Palace