APM ၊ ဖေဖော်ဝါရီ ၂၁ / ၂၀၂၃
ရက္ခိုင့်တပ်တော် AA နန့် ဆက်စပ်သံသယဖြင့် ထောင်ဒဏ် ၃ နှစ်စီအသီးသီးချမှတ်ခံထားရသည့်ပုဏ္ဏားကျွန်းမြို့ နယ်မှ ကျောက်ဆိပ်ရွာသား ၅ ယောက်သည် ဒေနိ(ဖေဖော်ဝါရီ ၂၁ ရက်နိ)မိုးထ ၉ နာရီခွဲခန့်က လွတ်ရက်စိ၍ ပြန်လွတ်မြောက်လာကြောင်း သိရသည်။
ကျောက်ဆိပ်ရွာသား ၅ ယောက် ကိုညီညီအောင် (၂၄) နှစ်၊ ကိုမျိုးလှိုင်ဦး (၂၄) နှစ်၊ ကိုမောင်ချေ (၂၄) နှစ်၊ ကိုမင်းစိုး (၃၈) နှစ်နန့် ကိုကျော်ဝင်းဟိန်း (၂၂) နှစ်ရို့ဖြစ်သည်။
သူရို ၅ ယောက်ကို ကုန်ခသည့် ၂၀၂၀ ပြည့်နှစ်ဧပြီ ၁၉ ရက်နိကပင် မြန်မာစစ်တပ်က ဖမ်းယူလားခခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ် ဂျူလိုင် ၆ ရက်နိတွင် စစ်တွေခရိုင်တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရီးဥပဒေပုဒ်မ ၅၂(က)နန့် ထောင်ဒဏ်သုံးနှစ်စီ အသီးသီးချမှတ်ထားခြင်းဖြစ်သည်။
ကိုညီညီအောင်၊ ကိုမျိုးလှိုင်ဦး၊ ကိုမောင်ချေ၊ ကိုမင်းစိုးနန့် ကိုကျော်ဝင်းဟိန်းရို့ကိုဖမ်းဆီးချိန်ကလေ့ မြန်မာစစ်တပ်တပ်ဖွဲ့ဝင်များက စစ်ရီယာဥ်ထက်၌ ရက်ရက်စက်စက် သတ်ပုတ်ရိုက်နှက်မှုများပြုလုပ်ခပြီး လူမဆန်စွာ နှိပ်စက်ခသိမ့်သည်။
ယင်းနောက် AAနန့် ဆက်စပ်သည်ဟု မတရားစွပ်စွဲလျက်ပုဏ္ဏားကျွန်းအခြီစိုက် ခမရ (၅၅၀)တပ်ရင်းမှ ဗိုလ်ကြီး တင့်နိုင်ထွန်း တရားလိုလုပ်၍ အကြမ်းဖက်မှုတိုက်ဖျက်ရီးဥပဒေ ပုဒ်မ-၅၀(ည)၊ ၅၂(က)ရိုနန့် တရားစွဲဆိုထားခ ခြင်းဖြစ်သည်။
သူရို့ကို စွဲချက်တင်ရာ၌ ကနဦးက ၅၀(ည)၊ ၅၂(က) အကြမ်းဖက်မှုတိုက်ဖျက်ရီးဥပဒေပုဒ်မ ၂ ခုနန့်စွဲတင် ထားခကေလေ့ ၅၀(ည) နန့် ငြိစွန်းမှု မဟိသဖြင့် ၅၂ (က)နန့်ရာ ငြိစွန်းသည်ဆိုကာ ကုန်ခသ်ည့ ၂၀၂၂ ခုနှစ် ဂျူလိုင် ၆ ရက်နိတွင် စစ်တွေ ခရိုင်တရားရုံးက ထောင်ဒဏ် ၃ နှစ်ချ မှတ်ထားခြင်းဖြစ်ကြောင်း သိဟိရသည်။