(၃ ယောက်ကိုပြန်လွှတ်ပီးပြီးကေ ကျန် ၃ ယောက်ကို ဆက်ဖမ်းထား)
APM၊ ဒီဇမ်ဘာ ၂၁/၂၀၂၃
ဒေနိ(ဒီဇမ်ဘာ ၂၁ ရက်နိ)ညဇာ ၆ နာရီလောက်မာ တောင်ကုတ်မြို့နယ်က ပြည်သူ ၆ ယောက်ကို စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ဖမ်းယူလားခပြီးကေ ၃ ယောက်ကို ပြန်လွတ်ပီးလိုက်ပနာ ကျန် ၃ ယောက်ကို လက်ဟိအချိန်ထိ ဖမ်းထားသိမ့်ရေ လို့ သိရပါရေ။
လူသား ဒိုင်းကာအဖြစ် လက်ဟိအချိန်ထိဖမ်းဆီးခံထားရေလူ ၃ ယောက်စွာ တောင်ကုတ်မြို့နယ်၊ ခူးတိုက်နယ်၊ တပျော့ရွာက ကိုဆန်းမင်းနိုင်(၁၇နှစ်)၊ ကို ညီနိုင်စိုး(၁၉ နှစ်) နန့် ဦးဝင်းရွှီ(၄၁နှစ်)ရို့ဖြစ်ကတ်ပါရေ။
တောင်ကုတ်အခြီစိုက် စစ်ကောင်စီတပ် ခမရ (၅၄၄)တပ်ရင်းနန့် ခမရ(၃၄၆) တပ်ရင်းက တပ်ဖွဲ့ဝင် ပူးပေါင်းအင်အား ၅၀ လောက်ပါ စစ်ကြောင်းတကြောင်းစွာ ဒေနိ ညဇာ ၆ နာရီခွဲလောက်မာ တပျော့ရွာထဲသို့ဝင်ရောက်လာပြီးကေ ကိုဆန်းမင်းနိုင်၊ ကိုညီနိုင်စိုးနန့်ဦးဝင်းရွှီရို့အပါအဝင် ရွာသား ၆ ယောက်ကို လူသားဒိုင်းကာအဖြစ် ဖမ်းလားစွာလို့ ရွာသားတိက ပြောပါရေ။
ယင်းနောက် သုံးယောက်ကို လမ်းတပိုင်းက ပြန်လွှတ်လိုက်ပြီးကေ ကိုဆန်းမင်းနိုင်၊ ကိုညီနိုင်စိုးနန့် ဦးဝင်းရွှီရို့ကို ဆက်လို့ဖမ်းယူလားပနာ လက်ဟိအချိန်ထိ ပြန်မလွှတ်ပီးသိမ့်လို့ ဆိုပါရေ။
လက်ဟိမာတော့ ယင်းစစ်ကြောင်းစွာ သံတွဲမြို့နယ်၊ ပုရစ်ရီကောက်ရွာ ဘုန်းကြီး ကျောင်းမာ စခန်းချထားပနာ ဖမ်းထားရေ လူသုံးယောက်ကိုလည်း ယင်းနီရာမာပင် ထိန်းသိမ်းထားရေလို့ သိရပါရေ။
ကုန်ခရေ ဒီဇမ်ဘာ ၁၈ ရက်နိက ယင်း တပျော့ရွာနန့် တရဂူရွာကြား တောင်ကုတ်-သံတွဲကားလမ်းပိုင်းမာ သံတွဲကထွက်လာရေ စစ်ကောင်စီကားတန်းကို ရက္ခိုင့်တပ်တော်က မိုင်းဆွဲတိုက်ခိုက်တေဖြစ်စဉ်တခု ဟိခပါရေ။
ယင်းနောက်ပိုင်းကစလို့ စစ်ကောင်စီစွာ လက်နက်ကြီး၊ လက်နက်ချေတိနန့် ယင်းအနီးအနားကျေးရွာတိကို ပစ်ခတ်တိုက်ခိုက်ခရေပိုင် ဒေသခံပြည်သူတိကိုလည်း လူသားဒိုင်းကာအဖြစ် အဂုပိုင် ဖမ်းဆီးလာစွာဖြစ်ပါရေ။
ရက္ခိုင်ပြည်မာ ရက္ခိုင့်တပ်တော် AA နန့် စစ်ကောင်စီတပ်ရို့အကြား တကျော့ပြန် တိုက်ပွဲတိဖြစ်ပွားလျက်ဟိရာ နိုင်ငံတဝှမ်း အယှုံးနန့် ဆိုးဝါးစွာ ရင်ဆိုင်နီရရေ စစ်ကောင်စီစွာ ရပ်ရွာတိကို ရည်ရွယ် ချက်ဟိဟိ လက်နက်ကြီးပစ်ခတ်စွာ၊ အပြစ်မဲ့ပြည်သူတိကိုမတရားဖမ်းဆီးပြီးကေ လူသားဒိုင်းကာ အဖြစ် အသုံးပြုစွာ၊ လူမဆန်စွာ ရိုက်နှက်သတ်ဖြတ်စွာတိကို နိစဉ်ရက်ဆက် ဆက်တိုက် ပြုလုပ်လို့ဟိနီပါရေ။